မိနီ ဖရဲသီးဗန်းမှောက်တော့မည်

(၁)

“ဟော ဟော ဟိုမှာ ဟိုကောင်မလေးသနားပါတယ်၊ စျေးဗန်းတစ်ခုလုံးမှောက်ကျသွားလို့ငိုနေတယ်”

မိနီတို့အတွက်တော့ ထိုစကားသံမှာမဆန်းတော့ပါ။ ဖရဲသီးဗန်းမှောက်ချထားရာနေရာကို သူတို့လာကြည့် လိမ့်မည်။ မိနီကိုသနားလိမ့်မည်။ အနည်းဆုံး တစ်ထောင်တန် နှစ်ရွက် အများဆုံးတစ်သောင်းတန်တစ် ရွက်ပေးခဲ့ကြလိမ့်မည်။ ထိုရည်ရွယ်ချက်သည်ပင်လျှင် မိနီလုပ်သည့်အလုပ်မဟုတ်ပါလား။ Continue reading “မိနီ ဖရဲသီးဗန်းမှောက်တော့မည်”

ခမ်းနားခြင်းမြို့တော် ရှန်ဟိုင်း

သွားလည်သင့်တဲ့နိုင်ငံထဲမှာ ရှန်ဟိုင်းပါပေမယ့် သတိထားစရာတွေများတယ်ဆိုတာ သုံးလေးခေါက် လောက်ရောက်ပြီးမှ ဆင်ခြင်မိပါတယ်။ အရမ်းလှအရမ်းမိုက် စျေးဝယ်လို့အရမ်းကောင်းသလို ရှောင်ရန် ဆောင်ရန်လေးတွေလည်းရှိပါတယ်။ ဆိုတော့ ရှန်ဟိုင်းမြို့ကိုရောက်စဉ်ကပေါ့ခင်ဗျာ။ Continue reading “ခမ်းနားခြင်းမြို့တော် ရှန်ဟိုင်း”

မြက်မွှေးပင်များပေါက်ရောက်ရာ တောင်နီတောင် သို့ခရီး

တစ်တောင်လုံးမွှေးပျံ့နေတယ်ဆိုတာမျိုးကို ကိုယ်တွေ့ကြုံလိုက်ရတဲ့အခိုက်အတန့် ဦးထွန်းဘဝမှာကြုံခဲ့ ဖူးပါပြီ။ တောင်ပေါ်ကိုရောက်တာနဲ့ မွှေးပျံ့နေတဲ့အနံ့က နှာခေါင်းထဲကိုလေနဲ့အတူတိုးဝင်လာတယ်။ တောင်ပေါ်မှာပေါက်နေတဲ့မြက်ပင်တွေဆီက လာတာမှန်းသိလိုက်ရတော့ အံအားသင့်မိပါတယ်။ လွယ်ကူတဲ့ခရီးတစ်ခုမဟုတ်ပေမယ့် သွားလာရခက်ခဲတဲ့နေရာလည်းမဟုတ်ပြန်ပါဘူး။ ဒါ‌ကြောင့် သူငယ်ချင်းတွေနဲ့ အားလပ်ရက်ခရီးသွားမယ်ဆိုရင်တော့ တောင်နီတောင်က အတွေ့အကြုံ အသစ်တွေ အများကြီးပေးပါလိမ့်မယ်။ Continue reading “မြက်မွှေးပင်များပေါက်ရောက်ရာ တောင်နီတောင် သို့ခရီး”

မြန်မာပြည်ထဲက ဟာဝိုင်ယီ သို့မဟုတ် သလင်းကမ်းခြေများစု‌ဝေးရာကျွန်း

ဦးထွန်းတို့ ဆီမှာ ဟာဝိုင်ယီကျွန်းထက်လှတဲ့နေရာ ရှိတယ်ဆိုရင်ယုံလား။  သမုဒ္ဒရာပြင်ထက်ကိုထိုးထွက် လာနေတဲ့ သန္တာကျွန်းခွေတွေ ကျောက်ခက်တန်းတွေအပြင် သလင်းလိုကြည်လင်တဲ့ရေလှိုင်းတံပိုးတွေ က တိမ်တွေနဲ့တစ်သားတည်းအထပ်လိုက်အထပ်လိုက်ဖြစ်နေတာ အံအားသင့်စရာကောင်းလှပါတယ်။

ဟုတ်တယ်။ မြန်မာပြည်ထဲက ဟာဝိုင်ယီဆီကို ဦးထွန်းရောက်ခဲ့ပါတယ်။ Continue reading “မြန်မာပြည်ထဲက ဟာဝိုင်ယီ သို့မဟုတ် သလင်းကမ်းခြေများစု‌ဝေးရာကျွန်း”

Private Beach အဖြစ် သွားနိုင်တဲ့ ရွှေသောင်ယံ ကမ်းခြေ

ကိုယ့်သူငယ်ချင်း၊ မိသားစုသီးသန့် ပဲ တစ်ကမ္ဘာတည်ဆောက်လို့ရတဲ့ ကမ်းခြေဆိုရင် အခုချိန်မှာတော့ ရွှေသောင်ယံက အကောင်းဆုံးပါပဲ။ နောက် ၂ နှစ်၊ ၃ နှစ်ဆိုရင်တော့ အဲဒီမှာလည်းလူ များလောက်ပါပြီ။ Continue reading “Private Beach အဖြစ် သွားနိုင်တဲ့ ရွှေသောင်ယံ ကမ်းခြေ”