ရင်နှင့်အမျှ အပိုင်း (၃၆) ဇာတ်သိမ်း

(၃၆)

လေဆိပ်ကို အပြေးတစ်ပိုင်းရောက်ရှိလာပြီး သူမရဲ့နောက်ကျောပြင်လေးကို မြင်လိုက်ရ သောအခါ…ဘဝရဲ့အကြီးမားဆုံးသော အရာတစ်ခုကို ဆုံးရှုံးခဲ့ရလေပြီဆိုတာ သေချာသွားသည်။
သွားပြီ။ ကျွန်တော် စိတ်ကူးခဲ့ရတာတွေ၊ အိပ်မက်ခဲ့ရတာတွေဟာ လုံးဝကွယ် ပျောက်ခဲ့လေပြီ။
”Hoa” Continue reading “ရင်နှင့်အမျှ အပိုင်း (၃၆) ဇာတ်သိမ်း”

ရင်နှင့်အမျှ အပိုင်း (၃၅)

(၃၅)

ဘာကြောင့််လဲ ဆိုတဲ့ အဖြေတစ်ခုတည်းအတွက် ရေမြေခြားတစ်နေရာကနေ လာခဲ့သည်။ ကျွန်တော်သူမကို အဆက်အသွယ်ဖြတ်ထားတဲ့ ကာလတစ်လျှောက်လုံး ကျွန်တော့်အကြောင်းစုံစမ်းနေခဲ့မည်ပေါ့။ Continue reading “ရင်နှင့်အမျှ အပိုင်း (၃၅)”

ရင်နှင့်အမျှ အပိုင်း (၃၄)

(၃၄)

ရန်ကုန်
Summit Park View Hotel
ကျွန်တော့်လိုသာမန် သတင်းထောက်တစ်ယောက် အတွက်တော့ အစွမ်းကုန် ဖန်တီးပေးထားသော မင်္ဂလာပွဲဖြစ်ပါသည်။ အသိ မိတ်ဆွေစာနယ််ဇင်း သမားတွေ၊ ဇနီး လောင််း မေမြသွယ်ရဲ့ လက်လှမ်းမီရာ မိတ်ဆွေတွေနဲ့ ကျွန်တော်ရဲ့ ခင်ရာမင်ကြောင်း သတင်းရင်းမြစ်တွေ တော်တော်စုံလင်လှလေသည်။ ဖြူစင်သန့်ရှင်းမှုတွေ လွှမ်းခြုံ စေချင် တဲ့ အဓိပ္ပာယ်နဲ့ သတို့သား၊ သတို့သမီးဝတ်စုံကအစ စားပွဲစုံ၊ အလှဆင်ပန်း၊ ခန်းမအပြင်အ ဆင်တွေအားလုံး အဖြူရောင်တွေချည်းရွေးချယ်ခဲ့ပေမယ့် ကျွန်တော့်စိတ်တွေ ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင််း မဖြစ်နို်င်ဘဲရှိလေသည်။ Continue reading “ရင်နှင့်အမျှ အပိုင်း (၃၄)”

ရင်နှင့်အမျှ အပိုင်း (၃၃)

(၃၃)

Hoa နဲ့ကျွန်တော်တို့ရဲ့ စကားတွေကြားမှာ အမျိုးအမည်မသိတဲ့ တံတိုင််းကြီးတစ်ခု ခြားသွားသည်။ စကားလုံးတိုင်း စကားလုံးတိုင်း ဝေးကွာမှုတွေ…ဝေးကွာမှုတွေရဲ့ အငွေ့ အသက်ကို ခံစားလာရသည်။ မိုင််ပေါင်းများစွာ လူအချင်းချင်း ဝေးကွာခြင်းမဟုတ်။ နှလုံးသားချင်းဝေးကွာ နေသလို… Continue reading “ရင်နှင့်အမျှ အပိုင်း (၃၃)”

ရင်နှင့်အမျှ အပိုင်း (၃၂)

(၃၂)

ကျွန်တော် အမုန်းဆုံးမိန်းမတစ်ယောက်။
အဲဒီ မိန်းမက ကျွန်တော့်ကို အားကိုးတကြီး အကူအညီတောင်းသတဲ့လေ။ ဘဝနဲ့ ရင်းရမယ့် အကူညီမျိုး ဘယ်သူက ပေးချင်မှာလဲ။
Hoa။ ဟင့်အင်း။ Hoa နဲ့ ကျွန်တော်ဝေးလို့မဖြစ်။ မေမြသွယ်ရဲ့ ခခယယ တောင််း ပန်တဲ့ပုံစံကို စက္ကန့်တိုင်း မြင်ယောင်နေလေသည်။ အဲဒီ အခန်းထဲက ထွက်ပြီးနောက်ပိုင်း ကျွန်တော့်စိတ်တွေ လေးလံသွားခဲ့ပြန်၏။ Continue reading “ရင်နှင့်အမျှ အပိုင်း (၃၂)”