မြို့ပြ RS

“ချစ်ခဲ့တဲ့ နှစ်နှစ်ကျော်ကိုသေချာပြန်စဉ်းစား၊ သုံးသပ်လိုက်လေနော့၊ အဆင်မပြေရင်လည်းအဆုံး သတ်ကြ တာပေါ့”

ချစ်သူရည်းစား ရန်ဖြစ်စကားများတိုင်းထိုစကားလုံးများအတိုင်းမဟုတ်သည့်တိုင် လမ်းခွဲခြင်းဆီကိုဦးတည်သည့် အဓိပ္ပါယ်မျိုးကို ကျွန်တော်တို့ ချစ်သူနှစ်ဦးပြောကြမြဲ။ ကျွန်တော်ကပိုပြီးပြောမြဲပင်။ သူက တော့ ဆယ်ခါတစ်ခါ လောက်မှပြောတတ်ပါသည်။ သူထိုသို့ပြောလာသည့်အခါ အင်မတန်ခံစားရပါသည်။ Continue reading “မြို့ပြ RS”

အမှတ် ၆၁ ဘတ်စ်ကား

“ဖုန်းနှိုက်သွားပြီ”

ကျွန်တော့်နောက်မှ အမျိုးသမီးငယ်၏ အာမေဋိတ်ကြောင့် ဘတ်စ်ကားတစ်စီးလုံး၏ အာရုံကသူ့ထံကို ရောက်သွား ခဲ့လေသည်။ အသက် ၂၀ စွန်းစွန်းသာရှိမည့်မိန်းကလေး။ အလုပ်သွားသည့်ပုံစံပေါက်သည်။ ကျောပိုးအိတ်ကို ဘေးတစ်ဖက်ချပြီးလွယ်ကာ ထမင်းဘူးကိုလက်တစ်ဖက်မှ ကိုင်ထားသည်။ ဆံပင်ကိုသေသေသပ်သပ် ဖြီးလာပုံရသော်လည်း ကားပေါ်မှာလူကြပ်သည်ကြောင့် နားသပ်စများဖွာလန်ကြဲထွက်နေကာ တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များကျလျှက်ရှိနေသည်။ သူတင် ပဲလားဆိုတော့မဟုတ်ပါ။ တစ်ကားလုံး ရေနွေးငွေ့ပေါင်းခံစက် ထဲကိုရောက်နေသကဲ့သို့အပူရှိန်အဟုန် က ဟုန်းခနဲ ဟုန်းခနဲ။ Continue reading “အမှတ် ၆၁ ဘတ်စ်ကား”

မိနီ ဖရဲသီးဗန်းမှောက်တော့မည်

(၁)

“ဟော ဟော ဟိုမှာ ဟိုကောင်မလေးသနားပါတယ်၊ စျေးဗန်းတစ်ခုလုံးမှောက်ကျသွားလို့ငိုနေတယ်”

မိနီတို့အတွက်တော့ ထိုစကားသံမှာမဆန်းတော့ပါ။ ဖရဲသီးဗန်းမှောက်ချထားရာနေရာကို သူတို့လာကြည့် လိမ့်မည်။ မိနီကိုသနားလိမ့်မည်။ အနည်းဆုံး တစ်ထောင်တန် နှစ်ရွက် အများဆုံးတစ်သောင်းတန်တစ် ရွက်ပေးခဲ့ကြလိမ့်မည်။ ထိုရည်ရွယ်ချက်သည်ပင်လျှင် မိနီလုပ်သည့်အလုပ်မဟုတ်ပါလား။ Continue reading “မိနီ ဖရဲသီးဗန်းမှောက်တော့မည်”

မြတ်နိုးခြင်း ဒိုင်ယာရီ

(၁)
အဲဒီနေ့ဟာ ကိုယ့်ဘဝရဲ့ အပျော်ဆုံးနေ့လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကံအဆိုးရွား ဆုံးနေ့ဖြစ်ခဲ့တယ် နှင်းရယ်။ နှင်း . . . သိရဲ့လား . . . ။

မင်္ဂလာဆောင်အချိန်မတိုင်ခင် ဆယ့်ငါးမိနစ်အလိုအထိ သတို့သမီးရောက်မလာခဲ့ဘူး။ Continue reading “မြတ်နိုးခြင်း ဒိုင်ယာရီ”