၆၁ ဘတ်စ် (ဝတ္ထုတို)

“ဖုန်းနှိုက်သွားပြီ”

ကျွန်တော့်နောက်မှ အမျိုးသမီးငယ်၏ အာမေဋိတ်ကြောင့် ဘတ်စ်ကားတစ်စီးလုံး၏ အာရုံကသူ့ထံကို ရောက်သွားခဲ့လေသည်။ အသက် ၂၀ စွန်းစွန်းသာရှိမည့်မိန်းကလေး။ အလုပ်သွား သည့်ပုံစံပေါက်သည်။ ကျောပိုးအိတ်ကိုဘေးတစ်ဖက်ချပြီးလွယ်ကာ ထမင်းဘူးကိိုလက်တစ်ဖက်မှ ကိုင်ထားသည်။ ဆံပင်ကို သေသေသပ်သပ်ဖြီးလာပုံရသော်လည်း ကားပေါ်မှာလူကြပ်သည်ကြောင့် နားသပ်စများ ဖွာလန်ကြဲ ထွက်နေကာ တစ်ကိုိယ်လုံးချွေးသီးချွေးပေါက်များကျလျှက်ရှိနေသည်။ သူတင် ပဲလားဆို တော့မဟုတ် ပါ။ တစ်ကားလုံး ရေနွေးငွေ့ပေါင်းခံစက်ထဲကိုရောက်နေသကဲ့သို့အပူရှိန်အဟုန် က ဟုန်းခနဲ ဟုန်းခနဲ။ Continue reading “၆၁ ဘတ်စ် (ဝတ္ထုတို)”

မိနီ ဖရဲသီးဗန်းမှောက်တော့မည်

(၁)

“ဟော ဟော ဟိုမှာ ဟိုကောင်မလေးသနားပါတယ်၊ စျေးဗန်းတစ်ခုလုံးမှောက်ကျသွားလို့ငိုနေတယ်”

မိနီတို့အတွက်တော့ ထိုစကားသံမှာမဆန်းတော့ပါ။ ဖရဲသီးဗန်းမှောက်ချထားရာနေရာကို သူတို့လာကြည့် လိမ့်မည်။ မိနီကိုသနားလိမ့်မည်။ အနည်းဆုံး တစ်ထောင်တန် နှစ်ရွက် အများဆုံးတစ်သောင်းတန်တစ် ရွက်ပေးခဲ့ကြလိမ့်မည်။ ထိုရည်ရွယ်ချက်သည်ပင်လျှင် မိနီလုပ်သည့်အလုပ်မဟုတ်ပါလား။ Continue reading “မိနီ ဖရဲသီးဗန်းမှောက်တော့မည်”

မြို့ပြ RS

“ချစ်ခဲ့တဲ့ နှစ်နှစ်ကျော်ကိုသေချာပြန်စဉ်းစား၊ သုံးသပ်လိုက်လေနော့၊ အဆင်မပြေရင်လည်းအဆုံး သတ်ကြ တာပေါ့”

ချစ်သူရည်းစား ရန်ဖြစ်စကားများတိုင်းထိုစကားလုံးများအတိုင်းမဟုတ်သည့်တိုင် လမ်းခွဲခြင်းဆီကိုဦးတည်သည့် အဓိပ္ပါယ်မျိုးကို ကျွန်တော်တို့ ချစ်သူနှစ်ဦးပြောကြမြဲ။ ကျွန်တော်ကပိုပြီးပြောမြဲပင်။ သူက တော့ ဆယ်ခါတစ်ခါ လောက်မှပြောတတ်ပါသည်။ သူထိုသို့ပြောလာသည့်အခါ အင်မတန်ခံစားရပါသည်။ ဒေါသပဲထွက်သလား၊ ဝမ်းပဲနည်းသလား မဝေခွဲတတ်။ သေချာသည်ကတော့ လုပ်လက်စအ လုပ်ကို ဆက်မလုပ်ချင်၊ လျှောက်လက်စ လမ်းလည်း ဆက်မလျှေက်ချင်၊ ဘာမျှကို မလုပ်ချင်မကိုင်ချင် တွေဝေနေမိသည့်ခံစားမှုက ချစ်သူနှင့် အဆင် မပြေခြင်းနောက် ကပ်၍ပါလာလေသည်။

ကျွန်တော်တို့မတွေ့ဖြစ်သည်မှာ နှစ်ပတ် Continue reading “မြို့ပြ RS”