(၂၆)
ဆောင်းလေညှင်း၏အအေးမြဆုံးအရသာကို ကျွန်တော်ခံစားရသည်။ မြူနှင်းတစ်ချို့တောင် ရစ်ဝိုင်း နေလေရဲ့။ အဖြူရောင်ဇာပုဝါတို့ကို ထွင်းဖောက်မြင်ရသည့် အနေအထားတွင် ကျွန်တော်ရောက်ရှိ နေပါသည်။ ကျွန်တော်နှင့်မလှမ်းမကမ်းမှာ အဖြူရောင်အုတ်ဂူလေး တစ်လုံး။ အဲဒီအုတ်ဂူလေးမှာ လူနှစ်ယောက်ရောက်ရှိနေလေသည်။
ကိုခန့်နှင့် ဇော်။
မနေ့ကလည်း အဲဒီကိုလူတစ်စုလာခဲ့သည်။ ပြီးတော့ မြတ်ဦးမောင်လည်းလာခဲ့သည်။ ဝေယံ၊ ကျော်ဇော်၊ ဖြူစင်နှင့် နန်းခမ်းလှိုင်တို့ပေါ့။ အုတ်ဂူလေးကတော့ သူတို့တင်ထားသည့် ပန်းစည်းတို့နှင့် လှပနေသည်။
“ငါတို့ မင်းကိုရှာဖွေတွေ့ရှိတဲ့အချိန် သိပ်နောက်ကျသွားခဲ့တယ် မိုးစွေ၊ ဘယ်တော့ မှ မမေ့နိုင်တဲ့ သူငယ်ချင်းအဖြစ် ငါတို့ရင်ဘတ်ထဲမှာ ထာဝရရှိနေမှာပါကွာ” Continue reading ““သူ…..မသိခဲ့လေသော..” အပိုင်း (၂၆) ဇာတ်သိမ်း”
“သူ…..မသိခဲ့လေသော..” အပိုင်း (၂၅)
(၂၅)
“ကိုခန့် … မင်းရှိနေတယ်မလား”
ရော်ဘာြခံထဲကိုဝင်လိုက်သည်နှင့် ကိုခန့်ရောက်နှင့်နေမှန်းကျွန်တော်ရိပ်မိလိုက်သည်။ ဆိုင်ကယ်ရပ် ထားသည်ကိုး။ ထို့နောက် အိမ်ပေါ်ကိုမတက်ဘဲ သစ်လုံးအိမ်လေးရှိရာဆီကို တန်းတန်းမတ်မတ်လာ ခဲ့လိုက်သည်။ ထိုနေရာတွင် ကိုခန့်ရှိနေလိမ့်မည်မှန်းလည်း ကျွန်တော် အတပ်သိပြီးသားပါ။
သစ်လုံးအိမ်တံခါးသော့ပွင့်နေကတည်းက သူရှိနေခဲ့ပြီမှန်း ကျွန်တော်သဘောပေါက်၍ သူ့ကိုလှမ်း ခေါ်မိလိုက်ခြင်းပင်။ အရာ အားလုံးကိုပြောပြဖို့အချိန်ရောက်လာပြီလို့ ထင်မိပါသည်။ အိမ်လေးထဲသို့ ဝင်လာခဲ့၏။
“ငါ ဒီအိမ်လေးထဲရောက်နေတာကို မင်းမအံ့သြဘူးမလား မိုးစွေ” Continue reading ““သူ…..မသိခဲ့လေသော..” အပိုင်း (၂၅)”
“သူ…..မသိခဲ့လေသော..” အပိုင်း (၂၄)
(၂၄)
ဟိုလူးဒီလှိမ့်စဉ်းစားရင်း ကျွန်တော်လုပ်ဆောင်ရမည့်အရာများကို စိတ်ကူးထဲကချမှတ်ကြည့်သော အခါ ကျွန်တော်နောင်တရစရာမရှိတော့။ အနည်းဆုံးတော့ ကျွန်တော့်ကြောင့် သူတစ်ပါးစိတ်မဆင်း ရဲအောင် ကျွန်တော်လုပ်ပေးနိုင်ခဲ့မည်လေ။ ကျွန်တော်သည် မြတ်ဦးမောင်ကို နောက်ဆုံးအနေနှင့် တွေ့သင့်ပါသည်။ လိုအပ်ချက်များနေသည့်သူ့ဘဝလေးအတွက် အတိုင်းအတာတစ်ခုအထိ ကျွန် တော်ကြည့်ပေးရန်ဆုံးဖြတ်ထားခဲ့သည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်ဖို့လိုအပ်သည်။ အခု အခြေအနေထက်ပိုပြီး မြှင့်ပေးရန်လိုအပ်သည်။
မြတ်ဦးမောင်က ကျွန်တော့်အပေါ်သံယောဇဉ်ကြီးသလို ကျွန်တော်ကလည်းသူ့အပေါ် ညီလေးတစ် ယောက်လိုချစ်မြတ်နိုးခဲ့သည်မဟုတ်ပါလား။ ထို့ကြောင့် စီစဉ်သင့်သည်ကို ကျွန်တော်အမြန်စီစဉ်မှ ရ တော့မည်။ ကျွန်တော့်အတွက် အချိန်သိပ်မကျန်တော့။ Continue reading ““သူ…..မသိခဲ့လေသော..” အပိုင်း (၂၄)”
“သူ…..မသိခဲ့လေသော..” အပိုင်း (၂၃)
(၂၃)
ဇော်နှင့်ပြန်လည်တွေ့ဆုံပြီးသည့်နောက်ပိုင်း ကျွန်တော်ကြုံတွေ့ရမည့်အဖြစ်အပျက်များသည် တည် ငြိမ်ကောင်းမွန်နေလိမ့်မည်မဟုတ်။ ဇော်သည် ဒီအတိုင်းနေမည်မဟုတ်။ ကျွန်တော့်အပေါ် မုန်းတီး နာကျဉ်းသူပီပီ တစ်စုံတစ်ခုကိုကြံစည်နေခဲ့လိမ့်မည်မှန်းကြိုသိနေခဲ့သည်။ ဇော့်အတွက် ကျွန်တော် က ဘောင်မဝင်တော့သည့်လူတစ်ယောက်ပင်မဟုတ်ပါလား။ ဇော် ကျွန်တော့်ကိုချစ်နေဆဲဖြစ်သည့် အငွေ့အသက်များကိုခံစားနေရရရင်းအခြေအနေတောင်မှ ဇော်က ကျွန်တော့်ကို ပစ်ပစ်ခါခါပြောရက် တတ်ခဲ့သည်။
ထို့နောက် ကျွန်တော့်ပတ်ဝန်းကျင်သည် အရင်ကလောက်မစိုပြေတော့ပါ။ အရင်ကထက်ပို၍ဆိတ် ငြိမ်နေသလိုခံစားရပြီး ရော်ဘာရွက်ကြွေတစ်ချို့လည်း မကြွေတော့။ မြတ်ဦးမောင်သည်လည်း ကျွန် တော့်ထံကိုမလာတော့ပါ။ Continue reading ““သူ…..မသိခဲ့လေသော..” အပိုင်း (၂၃)”
“သူ…..မသိခဲ့လေသော..” အပိုင်း (၂၂)
(၂၂)
“မိုးစွေမှာ ဘယ်လောက်ပဲစက်ဆုပ်စရာအဖြစ်ဆိုးတွေရှိခဲ့ရှိခဲ့၊ ငါ သူ့ကို ငြိုငြင်စရာစကားတွေ မပြော ရက်ဘူး စည်သူ”
ကိုခန့်အတွက်တော့ မိုးစွေသည် သူငယ်တန်းကတည်းက တစ်ကျောင်းတည်းတက်လာခဲ့သော အချစ်ဆုံးငယ်သူငယ်ချင်း။ မိုးစွေ အကြောင်းကို သူကလွဲရင် နားလည်မည့်သူမရှိပါ။ ဒီကောင်က ပညာတတ်အရမ်းဖြစ်ချင်သည့် ကောင်။ စာကြိုးစားသည်။ လေးတန်းအရွယ်လောက်ကတည်းက တက္ကသိုလ်ကျောင်းသား ဘဝကို အားကျတတ်ခဲ့သူလည်းဖြစ်သည်။
မိုးစွေ၏မိဘများသည် အရမ်းကြီးမချမ်းသာပေမယ့် ရပ်ကွက်ထဲ မှာတော့ အဆင့်တန်းရှိရှိ နေနိုင် သည်။ သူ့မိဘတွေက မော်လမြိုင်စျေးကြီးထဲ၌ ဖိနပ်ဆိုင် ဖွင့်ထားသည်။ နေရာလည်းကောင်း၊ ဖောက်သည်လည်းများတော့ အဆင်ပြေသည်။
“ဒီကောင် ခုနှစ်တန်းတက်ခါစမှာ သူ့မိဘတွေ အရောင်းအဝယ်သွားရင်းနဲ့ ရုတ်တ ရက် ကားမှောက် ပြီးဆုံးတယ်၊ ဆေးရုံမှာ သူ့အဖေနဲ့ သူ့အမေဆုံးတာ ရက်ပိုင်းပဲကွာတယ်၊ ရှေ့ဆင့်နောက်ဆင့်ပဲ၊ အဲဒီ ကတည်းက မိုးစွေဘဝဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရတာပဲ” Continue reading ““သူ…..မသိခဲ့လေသော..” အပိုင်း (၂၂)”