တန်းမစီတဲ့ မိတ်ဆွေအသစ်

လူအုပ်က တိုးဝှေ့နေကြသည်။ သေချာရေတွက်ကြည့်လိုက်သည့်အခါ ကျွန်တော်အပါအဝင် ခြောက် ယောက်မျှသာ။ သို့သော်လည်း စာအုပ်ဆိုင်၏ ငွေရှင်းကောင်တာက ကျဉ်းမြောင်းလှသည်မို့ လူအုပ်ကြီး ပြုံတိုးနေသည့်ပမာမြင်ရလေသည်။

“တွေ့ပြန်ပြီ တစ်နေရာ” Continue reading “တန်းမစီတဲ့ မိတ်ဆွေအသစ်”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၉) ဇာတ်သိမ်း

(၂၉)

တကယ်တော့ အံအားသင့်စရာကိစ္စသည် ငြိမ်းမှာကိုယ်ဝန်ရှိခဲ့တာတင်မဟုတ်တော့။ အဲဒီထက်ထူးခြား လို့နေခဲ့ပြီ။ လူဝင်မှုကြီးကြပ်ရေးကောင်တာကနေထွက်လာတော့ ကြည်သာကအသင့်စောင့်နေလေ သည်။ ဝမ်းသာအားရပွေ့ဖက်နှုတ်ဆက်ပြီး ဂျက်စီကာနှင့်မိတ်ဆက်ပေးလိုက်၏။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၉) ဇာတ်သိမ်း”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၈)

(၂၈)

ဂျာကာတာမှ ရန်ကုန်အပြန်ခရီးတွင် စိတ်ခံစားချက်အသစ်များ၊ အဆင်ပြေပါ့မလားဆိုသည့် စိုးရိမ် စိတ်များနှင့်ထုံမွှန်းလို့နေလေသည်။ စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ဂျက်စီကာ၏ လက်ကိုတင်းတင်း ကြီးဆုပ် ကိုင်ထားမိသည်။ ကျွန်တော် ထိုမျှလောက် သွေးပျက်နေလိမ့်မည်ဟု ချစ်သူကလည်းထင်ထား ပုံမရပါ။ တစ်ခါမျှမရောက်ဖူးသည့် သူစိမ်းနိုင်ငံကို ကြောက်ရွံ့နေသည့်ချစ်သူနှင့်အတူလိုက်ရသည့်ခံစား ချက်ကိုတွေးကာ သနားမိပြန်သည်။ သို့သော်လည်း ကိုယ့်ဝမ်းနာကိုယ်သာသိနေသည် မဟုတ်ပါလား။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၈)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၇)

(၂၇)

“ဇော်ထင် မင်းပြန်လာခဲ့ပါ၊ ငြိမ်းနဲ့ပတ်သက်ပြီးတော့လည်းနေသားကျ နေပြီလို့ယူဆပါတယ်၊ သူများ နိုင်ငံမှာအကြာကြီးနေလို့မကောင်းဘူး ပြန်လာခဲ့ပါ၊ အင်ဒိုနီးရှားက မင်းကောင်မလေးကိုလည်း ခေါ်လာခဲ့ပေါ့” Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၇)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၆)

(၂၆)

ဂျက်စီကာနှင့် ဒေးဗစ်၏ တွေ့ဆုံခြင်းက ရိုးရှင်းပါသည်။ အပေါင်းအသင်းတွေကိုယ်စီနှင့် ညဖက် ပျော်ပါးကြသည့် အချိန်ပေါ့။ Kuta မှာရှိသည့် Legian လမ်းမှာပါ။ Legian လမ်းသည်ဘာလီ၏ အထင်ကရလမ်းဖြစ်သည်နှင့် အညီ ကမ္ဘာတစ်ဝန်းကဧည့်သည်များပျားပန်းခတ်လှုပ်ရှားကာ ညကို တန်ဆာဆင်တတ်ပါသည်။ အထူး သဖြင့် ဥရောပနိုင်ငံတွေကဧည့်သည်များကို ဘီယာပုလင်းလေးတွေ ကိုယ်စီကိုင်ပြီး ညအလှငေးမော ခံစားတတ်တာမြင်ရမှာပင်။ ဆိုင်ပေါင်းစုံ၊ ဖျော်ဖြေရေးပေါင်းစုံတန်းစီနေ သလို လူတွေလည်းအပြည့်မို့ ပျော်စရာကောင်းလှသည်။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၆)”