ဆေး

“ညီလေး ရွှတ် ရွှတ် ရွှတ်” လို့စခေါ်ကတည်းက သူအလိမ်ခံရတော့မည်၊ ခေတ်စကားနှင့်ဆိုပါလျှင် ဂျင်းမိ တော့မည် မှန်း ကျွန်တော်သိလိုက်ပါပြီ။ ကျွန်တော်လည်း ရန်ကုန်ကိုရောက်ခါစကထိုသို့ပင် ဂျင်းအမိခံ ခဲ့ ရသည်မဟုတ်ပါလား။ အခေါ်ခံရသောညီလေးသည် အသက်အားဖြင် ၂၀ စွန်းစွန်းသာရှိဦးမည်။ ရုပ်ရည် ခပ်သန့်သန့်ထဲကဖြစ်ပြီး ဆံပင်ကိုကျော့နေအောင်ဖြီးထားကာ ဂျင်းဘောင်းဘီနှင့်တီရှပ်ကိုသေသေသပ် သပ်ဝတ်ဆင်ထားလေသည်။ သူ့မျက်နှာမှာတော့ ဝက်ခြံဖုများက ဟိုတစ်စုဒီတစ်စုဖြင့် နီညိုရောင်သန်း နေလေ၏။ ထိုအချက်ကပဲ တရွှတ်ရွှတ်အခေါ်ခဲ့ရလေခြင်းပင်။ Continue reading “ဆေး”

ရပ်ကွက်ထောက်ခံစာ

အပန်းမကြီးလှဘူးဟုယူဆထားသည့် သူက ကျွန်တော့်ကို “ရပ်ကွက်ထောက်ခံစာလေးတစ်စောင် လောက် မနက်ဖြန်ရုံးတက်ရင်ယူခဲ့ပါကွာ” ဟုပြောခဲ့ရာမှ ထိုအဖြစ်အပျက်စတင်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန် တော်အလုပ်ဆင်းရတော့မည်။ မနက်ဖြန်ကျွန်တော်အလုပ်ဆင်းရတော့မည်လေ။ ရပ်ကွက်ထောက်ခံစာ ကိုအလုပ်ဆင်းသည့်နေ့တွင်ယူလာရန် HR မန်နေဂျာက မှာလိုက်ခြင်းပင်။

“ဟုတ်ကဲ့ ယူခဲ့ပါ့မယ်”

ကျွန်တော်ကတိပေးလိုက်မိသည်။ နေထိုင်ရာရပ်ကွက်ရုံးတွင် ထောက်ခံစာတစ်စောင်ယူလိုက်ရင်ရပြီ ပေါ့။ အလုပ်သစ်အတွက် အပြတ်သဖို့ လှည်းတန်းတွင်ဆံပင်ဝင်ညှပ်မည်။ အွန်လိုင်းမှ မှာယူထားသော ရှူးဖိနပ်သစ်ကို မနက်ဖြန်အလုပ်သစ်မှာထုတ်ကြွားစီးဖို့အတွက် ခြေအိတ်အသစ်လည်းဝင်ဝယ်ရဦးမည်။ ဆံပင်ညှပ်ရင်းမျက်နှာလေးပါပေါင်းတင်လိုက်ဦးမှပါ။ ကောင်မလေးတွေအမြင်မှာ လန်းနေဖို့လိုအပ် သည်မဟုတ်ပါလား။ လုပ်စရာရှိသည်များကိုလုပ်ပြီးသည့်နောက်တွင် အိမ်ပြန်သည့်အခါ ရပ်ကွက်ရုံးကို ဝင်ပြီး ရပ်ကွက်ထောက်ခံစာယူလိုက်မည်ပေါ့။ Continue reading “ရပ်ကွက်ထောက်ခံစာ”

“သူ…..မသိခဲ့လေသော..” အပိုင်း (၂၆) ဇာတ်သိမ်း

(၂၆)
ဆောင်းလေညှင်း၏အအေးမြဆုံးအရသာကို ကျွန်တော်ခံစားရသည်။ မြူနှင်းတစ်ချို့တောင် ရစ်ဝိုင်း နေလေရဲ့။ အဖြူရောင်ဇာပုဝါတို့ကို ထွင်းဖောက်မြင်ရသည့် အနေအထားတွင် ကျွန်တော်ရောက်ရှိ နေပါသည်။ ကျွန်တော်နှင့်မလှမ်းမကမ်းမှာ အဖြူရောင်အုတ်ဂူလေး တစ်လုံး။ အဲဒီအုတ်ဂူလေးမှာ လူနှစ်ယောက်ရောက်ရှိနေလေသည်။
ကိုခန့်နှင့် ဇော်။
မနေ့ကလည်း အဲဒီကိုလူတစ်စုလာခဲ့သည်။ ပြီးတော့ မြတ်ဦးမောင်လည်းလာခဲ့သည်။ ဝေယံ၊ ကျော်ဇော်၊ ဖြူစင်နှင့် နန်းခမ်းလှိုင်တို့ပေါ့။ အုတ်ဂူလေးကတော့ သူတို့တင်ထားသည့် ပန်းစည်းတို့နှင့် လှပနေသည်။
“ငါတို့ မင်းကိုရှာဖွေတွေ့ရှိတဲ့အချိန် သိပ်နောက်ကျသွားခဲ့တယ် မိုးစွေ၊ ဘယ်တော့ မှ မမေ့နိုင်တဲ့ သူငယ်ချင်းအဖြစ် ငါတို့ရင်ဘတ်ထဲမှာ ထာဝရရှိနေမှာပါကွာ” Continue reading ““သူ…..မသိခဲ့လေသော..” အပိုင်း (၂၆) ဇာတ်သိမ်း”

“သူ…..မသိခဲ့လေသော..” အပိုင်း (၂၅)

(၂၅)
“ကိုခန့် … မင်းရှိနေတယ်မလား”
ရော်ဘာြခံထဲကိုဝင်လိုက်သည်နှင့် ကိုခန့်ရောက်နှင့်နေမှန်းကျွန်တော်ရိပ်မိလိုက်သည်။ ဆိုင်ကယ်ရပ် ထားသည်ကိုး။ ထို့နောက် အိမ်ပေါ်ကိုမတက်ဘဲ သစ်လုံးအိမ်လေးရှိရာဆီကို တန်းတန်းမတ်မတ်လာ ခဲ့လိုက်သည်။ ထိုနေရာတွင် ကိုခန့်ရှိနေလိမ့်မည်မှန်းလည်း ကျွန်တော် အတပ်သိပြီးသားပါ။
သစ်လုံးအိမ်တံခါးသော့ပွင့်နေကတည်းက သူရှိနေခဲ့ပြီမှန်း ကျွန်တော်သဘောပေါက်၍ သူ့ကိုလှမ်း ခေါ်မိလိုက်ခြင်းပင်။ အရာ အားလုံးကိုပြောပြဖို့အချိန်ရောက်လာပြီလို့ ထင်မိပါသည်။ အိမ်လေးထဲသို့ ဝင်လာခဲ့၏။
“ငါ ဒီအိမ်လေးထဲရောက်နေတာကို မင်းမအံ့သြဘူးမလား မိုးစွေ” Continue reading ““သူ…..မသိခဲ့လေသော..” အပိုင်း (၂၅)”

“သူ…..မသိခဲ့လေသော..” အပိုင်း (၂၄)

(၂၄)
ဟိုလူးဒီလှိမ့်စဉ်းစားရင်း ကျွန်တော်လုပ်ဆောင်ရမည့်အရာများကို စိတ်ကူးထဲကချမှတ်ကြည့်သော အခါ ကျွန်တော်နောင်တရစရာမရှိတော့။ အနည်းဆုံးတော့ ကျွန်တော့်ကြောင့် သူတစ်ပါးစိတ်မဆင်း ရဲအောင် ကျွန်တော်လုပ်ပေးနိုင်ခဲ့မည်လေ။ ကျွန်တော်သည် မြတ်ဦးမောင်ကို နောက်ဆုံးအနေနှင့် တွေ့သင့်ပါသည်။ လိုအပ်ချက်များနေသည့်သူ့ဘဝလေးအတွက် အတိုင်းအတာတစ်ခုအထိ ကျွန် တော်ကြည့်ပေးရန်ဆုံးဖြတ်ထားခဲ့သည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်ဖို့လိုအပ်သည်။ အခု အခြေအနေထက်ပိုပြီး မြှင့်ပေးရန်လိုအပ်သည်။
မြတ်ဦးမောင်က ကျွန်တော့်အပေါ်သံယောဇဉ်ကြီးသလို ကျွန်တော်ကလည်းသူ့အပေါ် ညီလေးတစ် ယောက်လိုချစ်မြတ်နိုးခဲ့သည်မဟုတ်ပါလား။ ထို့ကြောင့် စီစဉ်သင့်သည်ကို ကျွန်တော်အမြန်စီစဉ်မှ ရ တော့မည်။ ကျွန်တော့်အတွက် အချိန်သိပ်မကျန်တော့။ Continue reading ““သူ…..မသိခဲ့လေသော..” အပိုင်း (၂၄)”