“ညီ ဖန်တီးသော Love Story” အပိုင်း (၁၅)

(၁၅)

ကိုဇင်လင်းမောင်နှင့် ကျွန်တော် ဖေ့စ်ဘုတ်မှတစ်ဆင့်သိခွင့်ရခဲ့သည်။ ခပ်တည်တည်ခပ်အေးအေးနေ တတ်သူတစ်ဦးဖြစ်ပြီး ပေါင်းရသင်းရလွယ်ကူသူ ဆိုရှယ်ကျသူတစ်ဦးလည်းဖြစ်သည်။ သူနှင့်အကျင့်စ ရိုက်လည်းတော်တော်တူပုံရပါသည်။ သို့သော်လည်း ကျွန်တော်နှင့်အပြင်တွင်တစ်ကြိမ်မျှမဆုံဖူးပါ။

အစ်ကိုနှင့်ပတ်သက်၍ တောက်လျှောက်လိုက်ပြီးစုံစမ်းရမှတစ်ဆင့် ကိုဇင်လင်းမောင်ကိုသိခဲ့ရကာ သူနှင့် အွန်လိုင်းပေါ်မှစကားပြောခွင့်များရရှိခဲ့သည်။ နောက်ဆုံး တစ်ဦးနှင့်တစ်ဦးခင်မင်ကာ စနောက်နေတတ် သည့်အကျင့်တောင်ရှိခဲ့လေပြီ။ သူတို့ပြတ်စဲသွားခြင်းက ထွေထွေထူးထူးပြသနာမရှိဘဲ ကိုဇင်လင်းမောင် ကနေ စတင်၍ ဖြတ်ခဲ့ခြင်းဟုသိရပါသည်။

“အစ်ကို ဘာလို့သူ့ကိုဖြတ်ခဲ့တာလဲ”

“ဒီလိုပါပဲ၊ သဘောထားချင်းမတိုက်ဆိုင်တာလေးတွေရှိတာပေါ့”

အေးအေးလူလူပင်ဖြေခဲ့ပါသည်။ ကျွန်တော်ကလည်း အသေးစိတ်မမေးမိတော့။ ဝေယံမင်းထင်သည် ကျွန်တော့ဘဝအတွက် မည်သူနှင့်မျှမလဲနိုင်သောတန်ဖိုးအရှိဆုံးသောအရာဖြစ်နေပြီမို့ ဝေယံမင်းထင်အ တွက် အရာရာရင်ဆိုင်ကျော်ဖြတ်ဖို့စိတ်ကူးထားပြီးသား။

“အစ်ကို့ Ex က မဟုတ်တော့ဘူး၊ ကျွန်တော့ကိုစိတ်ဆိုးအောင်လုပ်တာများနေပြီ၊ မရတော့ဘူး အသဲယား လာပြီဗျာ”

ခပ်နောက်နောက်ပုံစံမျိုးလည်းတစ်ခါတစ်ရံပြောပြဖြစ်တော့ သူက ရယ်သော အီမိုဂျီပုံစံသာပြနေခဲ့၏။ သူနှင့်အတိုင်းအတာတစ်ခုအထိရင်းနှီးမှုရယူထားခြင်းဖြစ်ပြီး အစ်ကို့အတွက် အစ်ကို့လိုအင်တစ်ခုခုများ ကို ဖြည့်ဆည်းပေးလိုပါက အကူအညီတောင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် သူနှင့်ဆက်ဆံရေးတည်ဆောက် ထားခြင်းဖြစ်လေသည်။ ကိုဇင်လင်းမောင်က အစ်ကိုနှင့်ပတ်သက်၍ မကောင်းကြောင်းတစ်ခုတစ်လေမှ မပြောဖူးခဲ့ပါ။ တကယ်တမ်းတွင် အစ်ကိုကိုယ်၌ကလည်း စိတ်သဘောထားပြည့်ဝသူ၊ ရိုးသားသူတစ်ဦး ဖြစ်ခဲ့လေတော့ ပြောကွက်မရှိသလိုဖြစ်နေခဲ့ခြင်းမဟုတ်ပါလား။ ချစ်သူကို အလိုက်ကန်းဆိုးမသိတတ် ခြင်းကလွဲရင်ပေါ့ရင်။

“ကိုဝေယံက အေးဆေးပါပဲ၊ ဟုတ်တယ်မလား”

“အေးဆေးတယ်အစ်ကို၊ တော်တော်ကိုအေးဆေးတာ၊ ချစ်သူရဲ့ခံစားကဘယ်လိုနေလဲ၊ ဒါလေးလုပ်လိုက် ရင်သူဘယ်လိုခံစားရမလဲ အစချီတဲ့ အချစ်နဲ့ပတ်သက်တဲ့ခံစားမှုဘာမှန်းမသိအောင်ကိုအေးဆေးတာ”

ကိုဇင်လင်းမောင်ထံမှ သူနှင့်ပတ်သက်၍ ဝေဖန်မှုထက် “အေးအေးဆေးဆေးပါ” ဟူသည့်ဖျောင်းဖျမှုကို သာရသည့်အခိုက်အတန့်ကများလေသည်။ သူ့ Ex ကို သိနှင့်ပြီးဖြစ်၍ အစ်ကိုသည် ကျွန်တော့ကိုအံအား သင့်မှုများနှင့်ကြည့်နေခဲ့ကာ ကျွန်တော်ဘာဆက်ပြောမည်လဲကိုလည်းစိတ်ဝင်တစားနားထောင်နေခဲ့ပါ သည်။

“လူတစ်ဖက်သားဘယ်လိုခံစားရမလဲအစ်ကိုမသိဘူး၊ အထူးသဖြင့် အစ်ကို့ချစ်သူဖြစ်တဲ့ ကျွန်တော့ခံစား မှုကို အစ်ကိုကိုယ်ချင်းမစာဘူး၊ အစ်ကိုလုပ်ချင်တာကိုပဲဇွတ်လုပ်တယ်၊ အစ်ကို့အရင်ချစ်သူတုန်းက လည်းအဲဒီလိုပဲလုပ်ခဲ့တာလား”

“အေး သိချင်ရင်သူ့ကိုသွားမေးလေ၊ စုံစမ်းထားတယ်မှလား၊ သိထားတယ်မှလား သွားမေး”

သူက ကုတင်ဘေးရှိ ထိုင်ခုံပေါ်ကိုထိုင်ချလိုက်ကာ ဆံပင်များကိုလက်နှင့်ထိုးသွင်းရင်းစိတ်ဆိုးစိတ်ရှုပ် ဟန်ပြလေသည်။

“ကျွန်တော်မဖြစ်နိုင်တာတွေကိုတောင်းဆိုနေတာလည်းမဟုတ်ဘူး၊ အရမ်းကိုဂျစ်တိုက်ဂျီကျနေတဲ့သူ လည်းမဟုတ်ဘူး၊ အစ်ကိုကိုယ်၌က ဖြစ်သင့်လုပ်သင့်တာကိုမလုပ်ဘဲ ပတ်ဝန်းကျင်ကိုလိုတာထက်ပိုပြီး ဂရုစိုက်နေတာလေ”

“မသိတော့ဘူး၊ နင်လုပ်ချင်တာလုပ်တော့”

ငွေဆောင်ခရီးစဉ်တစ်လျှောက်လုံး သူနှင့်စိတ်ဆိုးနေရသည့်အခိုက်အတန့်ကပျော်ရွှင်ရသည့်အခိုက်အ တန့်ထက်များသည်မို့ ကျွန်တော်လည်းစိတ်ပင်ပန်းလှပြီဖြစ်သည်။ အဖွဲ့အစည်းနှင့်ခရီးသွားတော့မည့် နောက်ထပ်အကြိမ်များကိုတောင် ကြောက်ရွံ့လာမိသည်။ အဖွဲ့လိုက်ခရီးသွားမည်ဆိုပါက မလိုက်တော့ ရန်ပင်စဉ်းစားမိလိုက်သည်။ သက်ပြင်းရှည်ကြီးကိုတစ်ချက်ရှိုက်လိုက်ကာ စိတ်များကိုအတတ်နိုင်ဆုံး လျှော့ချပစ်လိုက်ရသည်။

ထို့နောက် အစ်ကို့ကို အနောက်မှနေ၍ သိုင်းဖက်လိုက်သည်။

“ကျွန်တော်က အစ်ကို့ကို ချစ်ချင်တာလေဗျာ”

သူနှင့်အနီးကပ်ဆုံးအနေအထားကိုရောက်သည့်အခါတွင်တော့ ကျွန်တော့အချစ်စိတ်များ ပုံမှန်ထက်ပို၍ နိုးကြွလာခဲ့သည်။ ကျွန်တော်သူ့ကို အချိန်အတန်ကြာသည်အထိ စိတ်မဆိုးနိုင်ခဲ့ပါ။ သူစကားအနည်း ငယ်ပြောလာ ရှင်းပြလာခဲ့ပါလျှင် ကျွန်တော့စိတ်ကအလိုလိုပျော့ညွှတ်ခွေကျသွားကာ အချစ်စိတ်များ သာ၍ သာ၍တိုးလာခဲ့သည်ပင်။ ခရီးစဉ်တစ်ခုလုံးတွင် ကျွန်တော့ကိုသူချန်ထားခဲ့သည့်အဖြစ်အပျက်ကို တော့ တွေးတိုင်းနာကျင်လွန်း၍ မတွေးမိအောင် စိတ်နှလုံးသွင်းနေခဲ့ရသည်။ ကျွန်တော်အမြတ်နိုးဆုံးသူ ကျွန်တော်အချစ်ဆုံးသူက ထိုသို့လုပ်မည်မထင်ထားခဲ့၍ပင်။

မည်သို့ပင်ဆိုစေကာမူ အစ်ကိုသည် ဆန်းနေရောင်၏ အလင်းဖြစ်သည်။ ဆန်းနေရောင်၏ အနာဂတ် မျှော်လင့်ချက်လည်းဖြစ်ပါသည်။ နေ့လည်စာမစားခင်အချိန်အတွင်း အပျော်ဆုံးသောအခိုက်တန့်ကို ကျွန်တော်ဖန်တီးနိုင်ခဲ့ပါသည်။ ထို့နောက် နှစ်ယောက်သားနေ့လည်စာသွားစားကာ ပုံမှန်အခြေအနေဆီ ကိုပြန်ရောက်နိုင်ခဲ့လေသည်။

ငွေဆောင်ခရီးကအပြန်တွင်တော့ အလာတုန်းကနှင့်မဆိုင်တော့ချေ။ အစ်ကိုက အကြောင်းပြချက်တစ် ခုပေးကာ ခေါင်းခန်းနေရာကိုအခြားတစ်ယောက်သို့လွှဲပေးသည်။ ကျွန်တော်နှင့်အတူတူလာထိုင်သည်။ ထမင်းစားသည့်အခါတွင်လည်း ကျွန်တော်နှင့်မျက်နှာချင်းဆိုင်စားသည်။ အပေါ့အပါးသွားသည့်အခါတွင် လည်း အတူတူသွားကာစောင့်နေပေးပါသည်။ မုန့်ဝယ်သည့်အခါတွင်လည်း တိုင်တိုင်ပင်ပင်ဝယ်ကြပြီး အိမ်ပြန်လက်ဆောင်အတွက်လည်းအတူတူတိုင်ပင်ကာဝယ်ကြ၏။ ထိုကဲ့သို့သော ချစ်ခြင်း၏ခံစားမှုကို ကျွန်တော်မျှော်လင့်ခဲ့ခြင်းပင်။ သူနှင့်အတူရှိခြင်း၏ အရသာသည် မည်သည့်အရာနှင့်မျှမလဲနိုင်တော့ သော လောကစည်းစိမ်ဖြစ်လေသည်။

ရန်ကုန်ပြန်ရောက်ပြီး ရုံးဖွင့်ရက်အချို့ သူ့ထံသွားကြိုသည့်အခါများတွင်လည်း သူက ကျွန်တော်အံအား သင့်စရာများကိုလုပ်ပြနိုင်ခဲ့လေသည်။

“ပတ်ဝန်းကျင်အနေအထားက ရှိနေတော့အဲဒါတွေကို လိုက်ကြည့်ရသေးတယ်လေ ညီရယ်”

ကျွန်တော်စိတ်ကြည်လင်နေသည့်အခါ သူ့ပတ်ဝန်းကျင်ကို ဂရုစိုက်ရကြောင်း လေပြေလေးနှင့်ဖျောင်း ဖျ ပြောပြသည်။ သူ့စကားသံခပ်ဝဲဝဲ အသံဩဩအောက်တွင် ကျွန်တော်အရည်ပျော်ဝင်ခဲ့ပါသည်။ သူပြော လိုက်သော စကားလုံးတိုင်းသည် နားဝင်ချိုစရာဖြစ်ခဲ့သည်။ (တစ်ခါတစ်ရံဆူငေါက်သည့်အပြောများ၊ စိတ်ဆိုးရန်လိုသောစကားများသည်လည်း ကျွန်တော့ရင်ထဲမေ့မရနိုင်သော ဆည်းလည်းသံလေးများဖြစ် လေသည်။)

“အရင်ရည်းစားတုန်းကရော ဘယ်လိုတွဲခဲ့လဲ”

“သူ က ညီ့လို ဂျီမကျဘူး၊ မရစ်ဘူး”

“ဘာဗျ”

“အော် လူရှေ့မှာဖက်နမ်းမယ်လို့ပြောတာမျိုး တစ်ခုခုဆို လူတစ်ဖက်သားစိတ်ဆင်းရဲအောင်ပြောတတ် တာမျိုးမလုပ်ဘူးလို့ပြောတာပါ”

“အမယ်လေးဗျာ”

“သူလည်းအေးဆေး ကိုယ်လည်းအေးဆေးပဲ၊ တွေ့ချင်ရင် သူ့အိမ်မှာ သူ့အခန်းမှာသွားတွေ့တယ်၊ တစ် ခါတစ်လေ မုန့်ထွက်စားတယ် အဲလောက်ပဲ”

“ဟင် ဒါဆို ခရီးသွားတာမျိုးတို့၊ အပြင်မှာ ပုံမှန်တွေ့တာမျိုးတို့မရှိဘူးလား”

“မရှိဘူးလေ၊ ခရီးဆိုလို့ သူ့နယ်ကိုပြန်တော့ သုံးခေါက်လောက်လိုက်သွားဖူးတယ်၊ အဲလောက်ပဲ”

“ဟင် ပျင်းစရာကြီးပါဗျာ”

“မပျင်းပါဘူး၊ ဒီလိုပဲ နေနေတာပဲလေ၊ သူက ကိုယ့်ထက်တောင်စကားနည်းသေးတယ်”

“လေးနှစ်ကြီးတောင် အဲလိုပဲနေခဲ့တာပေါ့”

“အင်းပေါ့”

“တစ်ခုခုအတူတူသွားလို့ တစ်နေရာရာကိုကိုယ်ကစိတ်ကူးပေါက်ရင်ပေါက်သလို သွားတတ်တဲ့အကျင့်က ငယ်ငယ်လေးကတည်းကရှိတာ၊ သူများကိုစောင့်တာမျိုး၊ ကြည့်တာမျိုးမလုပ်ချင်တာတော့မဟုတ်ဘူး၊ ကိုယ့်အာရုံက တစ်နေရာကိုရောက်ရင် ကျန်တဲ့နေရာဆီကိုအမှတ်တမဲ့ဖြစ်သွားတာမျိုးပေါ့၊ လူတွေနဲ့ အ တူတူသွားနေရင်းက ကိုယ်စိတ်ဝင်စားတဲ့ဆိုင်တစ်ဆိုင်ကိုကြည့်လိုက်မိတယ်၊ အာရုံက အဲဒီဆိုင်ဆီကို ရောက်သွားတယ်ဆိုရင် ဘယ်သူ့ကိုမှမခေါ်မိဘဲ ခြေလှမ်းတွေကဆိုင်ဆီကို သူ့အလိုလိုရောက်သွားဖြစ် တာ၊ အဲဒါကြောင့် တစ်နေရာရာကို စွတ်စွတ်ရွက်ရွက်သွားပြီးသူများကိုမစောင့်တတ်ဘူးလို့ ခဏခဏ အ ပြောခံရတယ်၊ ညီ့ကိုမှ တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး၊ ကိုယ်လည်းတတ်နိုင်သရွေ့ဆင်ခြင်ပါ့မယ်၊ ကိုယ်အဲလိုထထွက်သွားမိတာတွေ့ရင် ညီက ကိုယ့်နောက်ကနေ လိုက်ခဲ့ပေးပေါ့၊ နော်”

အင်မတန်နားထောင်ကောင်းသော အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ကိုနားထောင်နေရသလိုပင် သူ့လေသံများ က ညို့ယူနိုင်လွန်းခဲ့ပါသည်။ သူပြောသမျှစကားလုံးများသည် ကျွန်တော့ကိုအလျှော့ပေးလိုက်လျောစေချင် သည့်စိတ်များ သူ့ကို ရာနှုန်းပြည့်ယုံကြည်လာစေသည့်စိတ်များအဖြစ်တွန်းအားပေးနေသယောင်ခံစားရ သည်။ အစ်ကိုသည် ပုံပြောကောင်းသူတစ်ဦး၊ စကားပြောကောင်းသူတစ်ဦးတော့မဟုတ်ခဲ့ပါ။ သို့သော် လည်း အစ်ကို ကျွန်တော့အားပြောသောစကားလုံးတိုင်းမှာ အချစ်စိတ်များ နူးညံ့သိမ်မွေ့မှုများပါဝင်နေ လေသည်။ သေချာပါသည်။ ဆန်းနေရာင်တစ်ဦးတည်းအတွက် အစ်ကိုပြောသောစကားများသာဖြစ်ပါ လိမ့်မည်။

“ကိုယ့်မှာ ညီနဲ့ပတ်သက်လို့ ကျောချင်တဲ့စိတ်၊ တွက်ကပ်တတ်တဲ့စိတ်လုံးဝမရှိပါဘူးညီ၊ အခုလိုအနေ အထားအထိရောက်လာပြီးမှ ညီဟာ ကိုယ်ပဲ ကိုယ့်ဖြစ်တည်မှုကလည်းညီပါပဲ”

မနေနိုင်တော့ဘဲ သူ့နှုတ်ခမ်းများကို ဆွဲယူနမ်းမိပြန်သည်။ ခုံမင်စွာ၊ လိုလာနှစ်ခြိုက်စွာပင်သူ ငြိမ်နေပေး ပါသည်။

“ရော့ ဒါလေးဝတ်ကြည့်”

သူ့ကျောပိုးအိတ်ထဲမှ ရှပ်အင်္ကျီများထုတ်ပြီးကျွန်တော့ကိုစမ်းဝတ်ခိုင်းကြည့်သောအခါတွင်လည်း အံအား သင့်ရပြန်၏။

“ကျွန်တော့အတွက်လား”

“အင်း”

“ဟာ ဒါတွေအကုန်လုံး အစ်ကိုချုပ်တာ..”

“ဟုတ်တယ်လေ”

ရှပ်အင်္ကျီကွက်စိပ်များကို ကျွန်တော်လိုက်ရေကြည့်မိသည်။ စုစုပေါင်း ငါးထည်။ အရောင်ကတော့စုံစုံ လင်လင်ပင်။ အပြာရောင်၊ အဖြူရောင်၊ အနက်ရောက်၊ မဲနယ်ရောင်၊ အနီရောင်။ ကျွန်တော့ခန္ဓာကိုယ် ပေါ်၌ သူလက်ဖြင့်ဖန်တီးထားသောအရာကိုဝတ်ထားစေချင်သည့်စေတနာ၊ သူ့မေတ္တာအပြည့်ဖြင့်ချုပ် ထားသော အထည်များကို ရုံးတက်ချိန်များတွင် ကိုယ်နှင့်မကွာရှိစေချင်သည့်စေတနာ များမှာသိသာ ထင်ရှားလှပြီး သူချုပ်ပေးသောအင်္ကျီများအားလုံးကို ကျွန်တော်ကြိုက်နှစ်သက်ပါသည်။

“ပျော်လိုက်တာဗျာ”

သူ့ကိုဆွဲဖက်ထားမိပြန်သည်။ ကားအတွင်းထဲမို့ မည်သူမှမြင်စရာအကြောင်းမရှိ၊ သူ့ပတ်ဝန်းကျင်ကို လည်း ငဲ့စရာမလိုပါ။ ကျွန်တော်သည် ဝတ်လက်စအင်္ကျီကိုဆွဲချွတ်ပစ်လိုက်ကာ သူချုပ်ထားသည့်အင်္ကျီ များကို တစ်ထည်ပြီးတစ်ထည်ကောက်စွပ်ဝတ်ကြည့်တော့သည်။ အားလုံးကွက်တိ။

“ကျွန်တော့ကိုယ်တိုင်းတွေ အစ်ကိုဘယ်လိုသိ”

“မသိဘဲနေမလား၊ တွေတဲ့အချိန်တော်တော်များများက ဒီလောက်တင်းပြီးဖက်ထားတဲ့ကိစ္စကို၊ ပြီးတော့ ညီနဲ့ ကိုယ်နဲ့က ဘော်ဒီက သိပ်မှမကွာတာ”

“ဟာဗျာ”

အပြောမဟုတ်သည့် ကျွန်တော့ကိုချစ်ကြောင်းအလုပ်နှင့်သက်သေပြခဲ့သည့် အစ်ကို့ကို အချစ်များသာ၍ တိုးလာခဲ့ပြီဖြစ်သည်။ ကျွန်တော်သာဆိုပါလျှင် သူ့လိုစိတ်ရှည်လက်ရှည်ချုပ်လုပ်နိုင်မည်မဟုတ်။ သူ့ လက်နှင့်မဟုတ်ဘဲ သူ့နှလုံးသားနှင့်ချုပ်ထားသော အင်္ကျီများသည် ကျွန်တော့ဘဝတစ်သက်လုံးအတွက် တန်ဖိုးမဖြတ်နိုင်သော Branded များဖြစ်တော့သည်။

“ရုံးကလူတွေဟာကော ပြီးပြီလား၊ သူတို့ဟာမပြီးဘဲနဲ့ ကျွန်တော့ကိုချုပ်ပေးတာလား”

“ပြီးပါပြီ၊ သူတို့ဟာချုပ်ရင်း အဖေ့အတွက်လည်းချုပ်ပေးရတယ်လေ ကျုပ်မှာ”

ငြိုငြင်ယောင်ပြသော ကြည်နူးစရာသူ့စကားများသည် ကျွန်တော့အတွက်နားဝင်ချို၍မပြီးတော့။ ထိုနေ့ က သူ့ကိုလိုက်ပို့အပြီးတွင် သူ့ဆီက မတ်ဆ်ဆေ့ချ်တစ်စောင်ကိုလက်ခံရရှိလေသည်။ မေးခွန်းတစ်ခုပင်။ ကျွန်တော် သိပ်ဖြေချင်နေသောမေးခွန်းပင်။

“ချစ်လား”

“အတိုင်းအဆမဲ့ ချစ်တာပေါ့ဗျာ”

ထိုချစ်ခြင်းတရားအတွက် သက်သေပြရန် အစီအစဉ်တစ်ခုဆွဲလိုက်မိသောအခါတွင် သူနှင့်ကျွန်တော် က တောက်ကဆထပ်ဖြစ်ရပြန်ပါသည်။ ထိုအစီအစဉ် အကောင်အထည်ပေါ်သည့်နေ့ကပေါ့။

>>>>>