(၇)
တကယ်တမ်း ရောက်လာသည့်အခါ လူ ၆ ယောက်သာရှိလေသည်။ ရန်ကုန်၏ လူနေမှုဘဝသည် သူ အားလျှင်ကိုယ်မအား ကိုယ်အားလျှင်သူအချိန်မပေးနိုင်သည့်အနေအထားများသည်မို့ တစ်ခုခုချိန်းဆိုပါ က အဆင်မပြေသည်ကများသည်။ ဇွဲကပင်တောင်တက်ခရီးဖော်အားလုံးမလာနိုင်သော်လည်း တော် တော်များများရောက်လာသည့်အတွက် ကျွန်တော်ချိန်းဆိုပေးမှု အထမြောက်သည်ဟုဆိုရပေမည်။
မေမီ့ဆီကိုတစ်ဆင့်ဆက်သွယ်ကာ အားလုံးဆုံရအောင်ချိန်းဆိုခဲ့ခြင်းပင်။
“အေး ခရီးမသွားရင်တော့ နင်သိတဲ့အတိုင်းပဲ၊ လူစုံဖို့ဆိုတာတော့မသေချာဘူး ငါရအောင်တော့ကြိုးစား ကြည့်ပေးမယ်၊ နေပါဦး သူက ဘာလို့မုန့်ကျွေးချင်ရတာလဲ”
“အားလုံးကိုခင်မင်မှုအထိမ်းအမှတ်နဲ့တဲ့”
“အော် အေး၊ စားရသောက်ရတာပေါ့”
ကျွန်တော်ကတော့ သူနှင့်တွေ့ရမည့်အရေးသာကြီးစိုးနေလေသည်။ ကိုယ့်ကိုကိုယ်လည်း ငါထူးဆန်းလှ ပါလား ဟုတွေးမဆုံးနိုင်အောင်ပင်။ ချစ်သူရည်းစားထက်ပို၍ အရေးကြီးနေသောသူ မိဘများထက်အရေး ကြီးနေသောသူ။ ဘာကြောင့်များ အချိန်ခဏအတွင်းလွှမ်းမိုးနိုင်ခဲ့ရသလဲမပြောတတ်တော့ပါ။
သူနှင့် ကျွန်တော် တွေ့ဆုံခဲ့ရသည့်နာရီက သိပ်မရှိလှသော်လည်း ထိုတဒင်္ဂအခိုက်အတန့်ကိုလွမ်းလှ သ တိရလှပြီး သူနှင့်ထပ်မံတွေ့ဆုံချင်စိတ်များတဖွားဖွားပေါ်လာနေခဲ့တော့သည်။ ကိုယ်ပိုင်ဆိုင်သောအချိန် တော်တော်များများတွင် သူ့အကြောင်းတွေးနေမိတတ်သည်။ ကိုယ့်ထမင်းကိုယ်စားပြီးသူ့အတွက်စိုးရိမ် ပေးမိသည်။ အရာရာတိုင်းတွင် သူလွှမ်းမိုးနေမှုကို အချစ်ဟုခေါ်မည်ဆိုပါလျှင် လက်ရှိတွဲနေသည့်ချစ်သူ ကရော ကျွန်တော်မချစ်ဘဲတွဲခဲ့လေသလားဟုတောင်သံသယဝင်မိပြန်လေသည်။
ချိန်းဆိုသည့်နေ့က အားလုံးထက်အရင် ကျွန်တော်ကကြိုတင်ရောက်နေခဲ့သည်။ လူ ၁၀ ယောက်စာဝိုင်း ကို စီစဉ်ထားပေးပြီး သိပ်မကြာခင်တွင်သူရောက်လာသည်။ တကယ်ဆိုပါလျှင် ကျွန်တော်ကသူရှိရာဆီ သွားကြိုပြီးအတူတူလာသင့်သော်လည်း ခရီးဖော်ထဲမှ တစ်ယောက်ယောက်များကြိုရောက်နေခဲ့လျှင် အ မြင်မကောင်းဟု ကြံကြံဖန်ဖန်တွေးမိပြန်ကာ ကိုယ့်အစီအစဉ်နှင့်ကိုယ်လာခဲ့ကြခြင်းပင်။ သူကလည်းသူ့ ကိုလာကြိုဖို့ ကျွန်တော့ကိုတစ်ခွန်းမှမဟခဲ့။
ကျွန်တော်ကြိုက်သော ကန်စွန်းရွက်ကြော်နှင့်ပင်လယ်စာသုပ်ကို အရင်ကြိုမှာထားပြီး အားလုံးကိုစောင့် နေသည့်အခိုက်တွင် သူရောက်လာခဲ့ခြင်းဖြစ်ပါသည်။ ရှပ်အင်္ကျီလက်ရှည်နှင့်စတိုင်ဘောင်းဘီခပ်ကြပ် ကြပ်ကိုသေသေသပ်သပ်ဝတ်ကာ လူကြီးလူကောင်းဆန်နေသည့်သူ့ကို ပြုံးကြည့်ရင်း မင်္ဂလာပါ ဟုနှုတ် ဆက်လိုက်တော့ သူက ရောက်နေတာကြာပြီလား ဟု ပြန်လည်စကားဆိုလေသည်။
“ဘာမှာပြီးပြီလဲ မှာလေ”
“ကျွန်တော်လား မှာပြီးပြီ၊ အစ်ကိုပဲမှာတော့”
မီနူးစာအုပ်ကမ်းပေးလိုက်ကာ သူ့ကိုပြုံးကြည့်လိုက်သည်။ မီနူးကိုလှမ်းယူလိုက်သည့်အခိုက်အတန့်၊ တစ်ရွက်ချင်းလှန်နေပုံ၊ ဟင်းပွဲများကိုတစ်ပုံချင်းသေသေချာချာကြည့်နေသည့်အကြည့်များ၊ မှာသင့်မမှာ သင့်စဉ်းစားနေပုံများအားလုံးကို ကျွန်တော်ကရွှန်းရွှန်းစားစားစိုက်ကြည့်နေမိတော့သည်။ သူ ကျွန်တော့ ကိုဖျတ်ခနဲအငိုက်ဖမ်းကြည့်လာသည်။
“ဘာလို့အဲလောက်တောင်စိုက်ကြည့်နေရတာတုန်း သောက်ကလေး”
“သဘောကျလို့”
“ဘာကွ”
“အစ်ကိုလှုပ်ရှားပုံတွေကိုသဘောကျလို့ကြည့်နေတာပါဗျာ”
“အေး ဒီထက်သဘောကျအောင်လုပ်ပေးလိုက်ရင်တော့ နာတော့မယ်”
သူရန်ပြန်တွေ့ပုံကလည်း ချစ်စရာကောင်းလှသည်။ သူလုပ်သမျှပြုသမျှ ကျွန်တော့်မျက်လုံးထဲ ချစ်စရာ ကောင်းသော်လည်း သူမှာသောစားစရာများက ကျွန်တော်သိပ်မကြိုက်လှသော စားစရာများဖြစ် လေသည်။ အသီးအရွက်နှင့်ရောကြော်ထားသည့်တို့ဖူးဟင်း၊ ကြက်ချဉ်စပ် တဲ့လေ။
သူမှာပြီးမဆိုင်းမတွမှာပင် ကျန်သည့်လူများတဖွဲဖွဲရောက်လာကြသည်။ အားလုံးက အလုပ်ကနေတစ် ဆင့်လာကြသည်မို့ အူလျားဖားလျားပင်။
“ကိုဝေယံကြီး သဘောတွေလွှတ်ကောင်းနေတယ်နော်”
တစ်ယောက်တစ်ခွန်းစီစနေကြပြီး သူကတော့ ပြုံးဖြီးဖြီး။ လူစုံသည့်အခါကျမှာ ကိုယ်မှာသောအစားအ သောက်များ သူမှာသောက်အစားအသောက်များပေါင်းကာ လက်ဆုံစားကြတော့သည်။ သွားခဲ့သည့်ဇွဲက ပင်တောင်မတ်စောက်သည့်အကြောင်း၊ ပင်ပန်းသည့်အကြောင်းများပြောကြ နောက်ခရီးစဉ်အကြောင်း ပြောကြနှင့် စားစရာလည်းကုန် အချိန်လည်းကုန်မှန်းမသိကုန်လာသည်။
“ဇွဲကပင်တောင်ကို ကိုယ်တွေတက်တဲ့နေရာကနေမဟုတ်ဘဲ အခြားတစ်ဖက်ကနေတက်လို့လည်းရ တယ်၊ ထပ်တက်ကြမလား”
“မိုးတွင်းတက်တာပိုမိုက်တယ်၊ သူများတွေတက်ထားတာတွေ့ဖူးတယ်၊ ကျောက်ဆောင်တွေ ရေတွေ ကြားထဲ မိုးကာနဲ့တက်ကြတာ”
“တော်ပါတော့ဟယ်၊ ထပ်ပြီးတော့မတက်ပါရစေနဲ့တော့ အခုထိ ဒူးချောင်တာမပျောက်သေးဘူး”
ကျွန်တော် သိပ်ဝင်မပြောဖြစ်သလို သူလည်းသိပ်မပြောဖြစ်။ တစ်ချက်တစ်ချက်တော့ သူနှင့်ကျွန်တော် အကြည့်ချင်းဆုံမိသည်။ ကျွန်တော်က မျက်လုံးတစ်ဖက်မှိတ်ပြုံးပြတော့သူကရှက်ပြီး အကြည့်ချင်းလွှဲ သွားလေသည်။
“နောက်ထပ်ခရီးစဉ်က ကမ်းခြေဖြစ်ဖို့များတယ်”
မေမီက အမြဲတမ်းခရီးစီစဉ်သူထဲတွင်ပါဝင်ပြီး ခရီးသွားသည့်အခါတွင်တော့ တစ်ခါတစ်လေမှလိုက်ဖြစ် သည်။ ဖေ့စ်ဘုတ် Group မှ သူငယ်ချင်းများစုသွားကြသည်မို့ သွားမည့်ရက်တွင်အဆင်ပြေသည့်သူ၊ အား သည့်သူများသာလိုက်ဖြစ်ကာ တစ်ခေါက်နှင့်တစ်ခေါက်လူသိပ်မတူကြ။ သို့သော်လည်း စည်းစည်းလုံး လုံးရှိသည်ကတော့ အားသာချက်ပင်။
“ကိုဝေယံကြီးက ကျွန်တော်တို့ကိုတကယ်ကြီး ဖရီးခေါ်ကျွေးတာလား”
သူခေါင်းညိတ်ကာ…
“ဒီနေ့ ကျွန်တော့မွေးနေ့ပါ”
အားလုံးက ဟေးခနဲအော်မိကြသည်။
“အဲဒါများဘာလို့စောစောကမပြောတာလဲ မွေးနေ့လက်ဆောင်တွေဘာတွေယူလာတာပေါ့”
“အေးလေ အေးလေ”
“အမယ် ခရီးသွားတိုင်း ဂုန်းဆင်းလာတဲ့ကောင်တွေကတောင်ပြောကုန်ပြီ”
“မဟုတ်ပါဘူး၊ ရတယ်၊ မွေးနေ့လက်ဆောင်လိုချင်လို့ခေါ်ကျွေးတာမဟုတ်ပါဘူး၊ ကျွန်တော့မွေးနေ့မှာ ဒီ လူတွေနဲ့မိတ်ဆုံစားပွဲလေးဖန်တီးချင်တာပါ၊ ဘယ်တုန်းကမှ ကိုယ်မကျွေးဖူးတဲ့သူတွေကို ဒါနလုပ်ဖို့ရည် ရွယ်ချက်လည်းပြည့်သွားတာပေါ့”
“ဒါဆိုရင်တော့ သောက်မှဖြစ်မယ်လေ”
“အာ ရပါတယ်ဗျာ သောက်ပါ၊ မှာပါ”
တစ်ယောက်တစ်ပေါက်စနောက်သံများကို ဒိုင်ခံဖြေရှင်းနေသည့်သူ့ကို ကျွန်တော်ကြည့်မြဲပင်ကြည့်နေ မိလေသည်။ ငယ်ငယ်တုန်းက ကျွန်တော်အင်မတန်လိုချင်ခဲ့သည့် စစ်သားရုပ်ကို ဈေးဆိုင်၏မှန်ဘောင် ထဲတွင်ထည့်ထားစဉ် အပြင်ကနေကြည့်နေသလိုမျိုး။ ကျွန်တော်ကြိုက်နှစ်သက်သည့် တန်ဖိုးကြီးဖိနပ် တစ်ရံကို လိုလိုချင်ချင်မျက်လုံးများနှင့်ကြည့်နေသလိုမျိုး။ အင်မတန်ကြိုက်လှသည့်ပင်လယ်စာသုပ်ကို ဗိုက်ဆာနေချိန် မြင်ကာစားချင်သောက်ချင်စိတ်ထိန်းမရသလိုမျိုးပင်။
ထို့နောက် ကျွန်တော်သူ့ကိုတစ်ခုခုပြောချင်လာသည်။ အားလုံးကလည်းတစ်ယောက်တစ်ပေါက်နှင့်ပြော နေကြသည်မို့ စကားရေပက်မဝင်နိုင်သေး။ ခဏကြာလာတော့ စိတ်မရှည်တော့ဘဲ အားလုံးကိုလက်ကာ ကခဏရပ်ဖို့တောင်းဆိုလိုက်ရသည်။
“ကျွန်တော်တို့ကို အခုလိုတကူးတကခေါ်ယူကျွေးမွေးတဲ့ ကိုဝေယံကိုကျေးဇူးတင်ပါတယ်၊ အားလုံးကိုယ် စားကျေးဇူးတင်ကြောင်းပြောချင်ပါတယ်၊ Happy Birthday ပါ၊ ပြီးတော့….ကျွန်တော့အနေနဲ့ ကျေးဇူး တင်တယ်ဆိုတာထက်ပိုတဲ့ မွေးနေ့လက်ဆောင်တစ်ခုကိုပေးချင်တယ်…ရမလား အစ်ကို”
ကျွန်တော့စကားသံက အားလုံး၏အာရုံကိုဖမ်းစားနိုင်ခဲ့သည်။
ဘာဆက်ပြောမလဲနားထောင်နေကြပြီး ဝိုင်းတစ်ခုလုံးငြိမ်သက်တိတ်ဆိတ်သွား၏။
“အင်း အစ်ကို ဘာလက်ဆောင်မှမလိုချင်ပါဘူး”
“ကျွန်တော်ပေးချင်တာပါ၊ Please”
သူ ခဏမျှကြောင်သွားကာ “ကောင်းပြီလေ၊ ဘာလက်ဆောင်လဲ ကြည့်တာပေါ့” ဟုဆိုလေသည်။ ထို့ နောက် ကျွန်တော်သည် သူရှိရာဆီကို လျှောက်လှမ်းလိုက်သည်။ သူက စားပွဲထိပ်တွင်ထိုင်နေသူဖြစ်ပြီး ကျွန်တော်ကသူနှင့်မျက်နှာချင်းဆိုင်နေရာတွင်ထိုင်နေခဲ့ခြင်းပင်။
သူအပါအဝင်အားလုံးကထိုင်နေချိန် ကျွန်တော်က သူ့ဘေးတွင်မတ်တပ်ရပ်သည့်အနေအထားမှ ခါးကို အနည်းငယ်ကိုင်းညွှတ်ကာ သူ့ပါးပြင်ပေါ်ဆီသို့အနမ်းတစ်ပွင့် ခြွေချလိုက်တော့သည်။
“အ…”
သူ ရုန်းချိန်မရလိုက်။
“ဟာ”
အားလုံးကလည်း အံအားသင့်ကာ ကျွန်တော့်ကိုလူထူးဆန်းတစ်ယောက်ပမာကြည့်နေကြတော့သည်။ သုံးလေးစက္ကန့်လောက်ငြိမ်ကျသွားပြီးမှ ဟေးခနဲအော်ပြီး လက်ခုပ်ဝိုင်းတီးကြတော့သည်။ ကာယကံရှင် က တော့ ရှက်သွေးဖြာပြီး သူ့ပါးပြင်နုလွှလွှလေး ပန်းနုရောင်သန်းသွားခဲ့သည်။
“ကျွန်တော်ပေးချင်တာ Birthday Kiss ပါ”
“ဟဲ့ ပေးပြီးမှပြောလို့မရဘူးလေ”
“မင်းကွာ ဟိုက စိတ်ဆိုးလို့ထမထိုးတာတော်သေးတယ် လုပ်လိုက်ရင် ဇွတ်တရွတ်”
“ငါကပေးချင်တာကိုးဟ အစ်ကို ဆောရီးနော်၊ ကျွန်တော် အစ်ကို့ကိုတကယ် Birthday Kiss ပေးချင် လို့ အားလုံးရှေ့မှာလေးလေးနက်နက်ပေးတာပါ၊ နောက်တာ စတာလုံးဝမပါဘူး၊ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပေးတာပါ”
သူ့ကိုမျက်နှာချင်းဆိုင်လိုက်ပြီး ကိုယ်ကိုကိုင်းညွှတ်ကာသူ့မျက်လုံးများနှင့် ဆုံပြောလိုက်မိသည်။ သူက တော့ ပထမတော့ ရှက်သွားပုံရသော်လည်း လူကြီးပီပီ ဟန်ကိုယ့်ဖို့ထိန်းလိုက်နိုင်လေသည်။ ကျွန်တော့် ကို ရွှန်းရွှန်းစားစားပြန်ကြည့်ကာ ခေါင်းညိတ်ပြ၏။
“အော် ညီလေးရယ်၊ ကိုယ့်ကိုချစ်လို့ပေးတဲ့ကိစ္စပဲ သိပ်ရတာပေါ့”
“အား မရတော့ဘူး၊ အရမ်းတွေရိုနေကြပြီ”
လက်ခုပ်ဝိုင်းတီးလိုက်ကြပြန်သည်။ သူ့ကြည်ဖြူမှုကိုရပြီးနောက် ကျွန်တော်က ကိုယ့်နေရာကို ပြန်လာ ထိုင်လိုက်ပါသည်။
“ကိုဝေယံကြီး သိပ်မယုံနဲ့နော်၊ အဲကောင်က စော်တွေကိုရော ဘဲတွေကိုရော အဲလိုချုပ်ချုပ်ပြီး ဂျင်းထည့် နေတာလို့ကြားတယ်”
ထိုနေ့ညက သူ့ကို ကျွန်တော်လိုက်ပို့ပေးဖြစ်ပါသည်။
အားလုံးအသီးသီးပြန်ကြတော့ ကျွန်တော်ကသူ့ကိုမျက်စပစ်ပြကာ နောက်ချန်နေခဲ့ဖို့ခေါ်သေးသော် လည်းသူကမသိချင်ယောင်ဆောင်ကာ ထွက်သွားခဲ့သည်။ မသိသလိုသိသလိုဖြင့် ရောချကာ ဉပေက္ခာပြု ချင်တတ်သည့် သူ့အကျင့်ကို စတင်သိခဲ့သည့်အချိန်ဟုလည်းဆိုရပါမည်။ ကျွန်တော် သူ့နောက်ကိုလိုက် ပြီး လှမ်းခေါ်တော့မှ သူကလှည့်ကြည့်ပါသည်။
“အစ်ကို ကျွန်တော်ခေါ်နေတယ်လေဗျာ”
“ဟင် ဘယ်တုန်းကလဲ”
“ခုနတုန်းက အစ်ကို့ကိုမျက်စပစ်ပြတယ်လေ၊ အတူတူပြန်မယ် ကျွန်တော်လိုက်ပို့မယ်ပြောမလို့၊ သူတို့ တွေမတွေ့အောင် တမင်လှမ်းပြောတာ အစ်ကိုကရှောင်ထွက်သွားတာ”
မတတ်နိုင်တော့။ ကြားချင်တဲ့သူကြားပါစေဟုသာ ဆုံးဖြတ်ကာပြောချလိုက်တော့မှ သူက စုတ်တစ်ချက် သပ်လေသည်။ သိသိကြီးနှင့် မသိချင်ယောင်ဆောင်တတ်သည့်သူ့ကို ထိုစကားလုံးများကသာ စွမ်း ဆောင်ပေးနိုင်လိမ့်မည်ဟုထင်ထားခဲ့၍ပင်။
“ကျွန်တော်လိုက်ပို့ချင်တာဗျ”
သူက “အင်း” တစ်ချက်ပြောကာ ကျွန်တော်ခေါ်ဆောင်ရာ ကားရပ်နားထားရာဆီကိုလိုက်လာခဲ့တော့ သည်။ အမြီးအမောက်အနည်းငယ်မတည့်သော်လည်း သူ့ကိုကျွန်တော်သဘောကျပါသည်။ သူနှင့်ထပ်မံ ရင်းနှီးရန်လည်း ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်လိုက်၏။ ထိုနေ့မှစတင်ကာ ကျွန်တော်ဖန်တီးသောအ ချစ်ပုံပြင်လေး အသက်ဝင်လာခဲ့ပါသည်။
>>>>>