“ညီ ဖန်တီးသော Love Story” အပိုင်း (၄)

(၄)

ဇွဲကပင်တောင်တက်ခရီးတွင် အစ်ကိုနှင့်ကျွန်တော် စတင်သိကျွမ်းခဲ့သည်။ တစ်လလျှင်တစ်ခေါက် ခရီးထွက်နေကျ ကျွန်တော်တို့ အွန်လိုင်းသူငယ်ချင်းများအဖွဲ့တွင် အစ်ကိုပါဝင်လာခဲ့သည်ပထမဆုံးတစ် ခေါက်လည်းဖြစ်လေသည်။ ဇွဲကပင်တောင်တက်ရန်အတွက် လူစုတော့ အားလုံးပေါင်း ၁၀ ယောက်ရ လာသည်။ တော်တော်များများက ခရီးအတူသွားနေကျ ရင်းနှီးပြီးသားလူများမို့ ထွေထွေထူးထူးပြောစ ရာမလိုသော်လည်း အစ်ကိုကတော့ သူစိမ်းဖြစ်နေလေသည်။

“ရည်းစားနဲ့ပြတ်လို့ ဖီးလ်ပြီးလိုက်တာတဲ့ဘဲကြီးလေ”

အစ်ကို့အကြောင်းတစ်စွန်းတစ်စကို မေမီ ကပြောရင်းမှ စတင်သတိထားမိခဲ့သည်။ စူပုပ်ပုပ်မျက်နှာပေး ကို ပိုင်ဆိုင်ထားခဲ့သည့်အစ်ကို့ကို အားလုံးကလှိုက်လှိုက်လှဲလှဲပြောဆိုဆက်ဆံရင်းပင် တရင်းတနှီးဖြစ် သွားခဲ့သည်။

အပြင်တွင် လည်ပင်းဖက်ပေါင်းသည့်သူငယ်ချင်းများမဟုတ်ဘဲ အွန်လိုင်းပေါ်တွင်ခင်မင်ရင်းနှီးသူများ စုဝေးကာခရီးသွားတတ်ကြသည်မို့ တစ်ယောက်၏အတွင်းရေးကိုတစ်ယောက် သေသေချာချာ မသိကြ သလို ဟိုမေးဒီမေးလည်း သိပ်စပ်စပ်စုစုမရှိလှ။ စကားကြုံမှပင် ဘယ်မှာအလုပ်လုပ်သလဲ ဘာညာဖြင့် မေးတတ်ကြသည်မို့ ထိုခရီးသွားအဖွဲ့က ပြသနာမရှိ အတင်းအဖျင်းသိပ်လည်းမရှိကြပေ။ အားလုံးက ကူ ညီတတ်ကြသည် ပရဟိတစိတ်ရှိကြသည်။ တက်ညီလက်ညီလည်းရှိလှသည်မို့ ပုံမှန်ခရီးသွားများဖြစ်လာ ကြသည်။ မည်သူမဆိုဝင်ပါနိုင်သည်မို့ အစ်ကိုကလည်း ကျွန်တော်တို့အဖွဲ့နှင့်ချိတ်ဆက်ကာ ခရီးထွက် ရန်အခြေအနေဖြစ်လာခဲ့သည်ပင်။

အစ်ကို့အကြောင်းကို အစ်ကိုနှင့်ယခင်ကတီးမီးခေါက်မိသိခဲ့သည့် မေမီက စတင်မိတ်ဆက်ပေးသည်။

“ကိုဝေယံမင်းထင်လို့ခေါ်ပါတယ်၊ ငါတို့အားလုံးထက်အသက်ကြီးတယ်၊ ဒါကြောင့် ကြည့်နေ ကြည့်စ ကြ နော်၊ သူက အခုမှစပြီးငါတို့နဲ့လိုက်တာဆိုတော့…နင်တို့တွေ သိပ်အနောက်မသန်နဲ့”

မေမီ၏ ရွှတ်နောက်နောက်မိတ်ဆက်မှုကြားတွင် သူ့ကိုအားလုံးက ဟေးခနဲအော်ပြီးအသိအမှတ်ပြုကြ သည်။ ကျွန်တော်၏ တစ်သက်လုံးစာအတွေးများ မျှော်လင့်ချက်များကိုသိမ်းပိုက်နိုင်မည့်လူဟုထိုစဉ်က မထင်ထားခဲ့ပါ။ အမှတ်တမဲ့မှသည် တစ်ဖြည်းဖြည်းသတိထားမိကာ သံယောဇဉ်အမျှဉ်သေးသေးလေးစ တင်တွယ်မိခဲ့သည်ကိုတော့ ဝန်ခံရပါမည်။

စုပေါင်းငှားထားသော ကားဖြင့် ည ၁၀ နာရီခွဲတွင် ရန်ကုန်မှထွက်ခွာပြီး ဘားအံကို မနက် ၄ နာရီခန့်တွင် ရောက်ရှိခဲ့သည်။ ညဖက် မှောင်မှောင်မည်းမည်းထဲတွင် တောင်တက်ရန်ပြင်ဆင်ပြီး လှုပ်လှုပ်ရှားရှားဖြစ် ကုန်ကြသည်။ ကားပေါ်တွင် စကားတော်တော်လည်းပြောပြီးကြပြီမို့ သူနှင့်အတော်အသင့်ရင်းနှီးခဲ့ပြီးနေ လေပြီ။

တကယ်တမ်းပိုမိုရင်းနှီးစေခဲ့သည်က တောင်တက်ခရီးတွင်ဖြစ်သည်။ ခပ်သွက်သွက်တက်တတ်သော ကျွန်တော်နှင့် သူအကျင့်စရိုက်တူခဲ့သည်။ သူက ကျွန်တော်တို့ထက်စီနီယာကျသောအရွယ်မို့ ဟီးရိုးလုပ် ချင်သူလည်းဖြစ်လေသည်။ ထိုစဉ်ကတော့ သူအားလုံးထက်ရှေ့ကိုမရောက်ရောက်အောင်သွားပြီးတက် သည့်အဖြစ်မျိုး အစားအသောက်ဆိုလျှင်လည်းအားလုံးအတွက်အပင်ပန်းခံပြီးစီမံကွပ်ကဲပေးတတ်သည် မျိုးကို သိပ်သတိမထားမိခဲ့။ နောက်ပိုင်းတွင်တော့ ကျွန်တော့အတွက် ပြသနာရှာစရာတစ်ခု သူ့ကိုရစ်စ ရာအကြောင်းအရာတစ်ခုဖြစ်ခဲ့သည်။

ဇွဲကပင်တောင်ခြေမှသည် တောင်ပေါ်ဆီကိုတက်ရန်အတွက် အချိန်တစ်နာရီခွဲကြာပါသည်။ ကျွန်တော့ ခြေလှမ်းများက ပုံမှန်နှင်ခဲ့သလိုသူ့နှုန်းသည်လည်းကျွန်တော်နှင့်သိပ်မကွာပေ။

“တောင်တက်ခရီးမဟုတ်ပါဘူး၊ လှေကားတက်ခရီးဖြစ်နေတယ်”

ဟု ကျွန်တော် စညည်းတော့ သူက ကျွန်တော့ကိုတစ်ချက်ကြည့်ကပြုံးသည်။ “အဲဒီတုန်းကတော့ နင့်ကို တစ်စက်ကလေးမှကြည့်ရခဲ့တာမဟုတ်ဘူး၊ ဟော့ဟော့ရမ်းရမ်းနဲ့ပြောမကောင်းဆိုမကောင်းကလေးလို့ ထင်ထားခဲ့တာ” ဟု သူက ကျွန်တော့ကိုပြန်ပြောင်းပြောပြခဲ့ဖူးသည်။

“အစ်ကို ရေဆာတယ် နည်းနည်းတိုက်ဗျာ”

သူ့ဆီကနေ ရေဘူးတောင်းသောက်ရင်း သူနှင့်အတူ တောင်တက်ခရီးတွင်နှစ်ယောက်တည်းဖြစ်သွားခဲ့ သည်။ မိန်းကလေးတစ်ချို့ကို ကျန်သည့်ယောင်္ကျားလေးများကစောင့်ဆိုင်းရင်းအနောက်တွင်ကျန်ခဲ့ကြ ကာ ကျွန်တော်တို့နှစ်ယောက်ကအရှေ့ရောက်နေခဲ့သည်။

ဘားအံ နှင့်ကရင်ပြည်နယ်၏ အထင်ကရတစ်ခုဖြစ်သည့် ဇွဲကပင်တောင် လှေကားတက်ခရီးတွင်လှေ ကားထစ်အများအပြားကျော်ဖြတ်ရသည်မို့ တောင်တက်သည်ထက်တောင်ပို၍ ပင်ပန်းသည်ဟုဆိုရပါ မည်။ လှေကားထစ်တစ်ထစ်တက်လိုက်တိုင်း ဒူးနှင့်မျက်နှာထိမတတ်မတ်သည်မို့ မောလာမေးပါက အရမ်းမောကြောင်းလည်းပြော၍မရပါ။ ခရီးသွားလာနေကျ ကျွန်တော်တို့အဖို့ပုံမှန်အနည်းငယ်ပိုပင်ပန်း သောခရီးတိုလေးတစ်ခုမျှသာဖြစ်လေသည်။

တောင်တက် တောင်ဆင်း အချိန် (၃) နာရီခန့်ကြာသည့် လမ်းတစ်လျှောက်တွင် ကျောက်နံရံကြီးများ၊ ကျောက်တောင်ကြီးများကို အံမခန်းမြင်တွေ့ရသည်။ တောတောင်သဘာဝက စွန့်စားခန်းဆန်လှသည်။ အပေါင်းအသင်းများကိုစောင့်လိုက် အတူတူတက်လိုက် ပြီးလျှင်ပြန်ကွဲသွားလိုက်ဖြင့် တပျော်တပါးကြီး သွားရန်ကောင်းသည့်ခရီးစဉ်ဟု ကျွန်တော်ကမှတ်ချက်ပြုတော့လည်း အစ်ကိုကပြုံးလေသည်။

“နေရောင် ငါ့ကိုရေဝယ်တိုက်ဦး ပိုက်ဆံက ကျော်ဝင်းအိတ်ထဲပါသွားလို့”

“အေးအေး”

မြတ်မိုးကျော်က ကျွန်တော့ကိုအမီလိုက်လာပြီး ရေဝယ်တိုက်ခိုင်းသည်။

ကျွန်တော်တို့ရေဝယ်သောက်နေစဉ်တွင်ပဲ သူက တစ်ယောက်တည်းသပ်သပ်စီဖြစ်ကာ အားလုံးအရှေ့ ဆီကိုရောက်သွားခဲ့သည်။ တောင်တက်လမ်းတစ်လျှောက် ဆိုင်အချို့ကိုတွေ့ရသလို သဘာဝပတ်ဝန်း ကျင်အတွက်အမှိုက်များမပစ်ရန် အသိပေးညွှန်ကြားစာများကိုစိတ်ဝင်စားဖွယ်ရေးထားသည်ကိုလည်း တွေ့ရသည်။ ရုပ်ချောစိတ်လှသူများ စည်းကမ်းမဲ့အမှိုက်အပစ်ကြပါ၊ သူပြုံးနေသည် အမှိုက်ကောက် တော့မည်၊ စားပါ သောက်ပါ ပြန်ယူသွားပါ၊ အမှိုက်သယ်ပြီးဆင်းသူတွေ ထီဆုကြီးတွေပေါက်ပါစေ၊ အ မှိုက်ကောက်ပြောင်းလဲပါ၊ အမှိုက်ပြိုကွဲမှုသက်တမ်း ပလတ်စတစ်ရေသန့်ဘူး ၄၅၀ နှစ်၊ သားသားလေး မီးမီးလေးတို့ အမှိုက်ပစ်ခြင်းကို ရှောင်ကြစို့၊ စည်းကမ်းမဲ အမှိုက်ပစ်တာ ရှက်စရာအပြုအမူပါ အစရှိသည့် ချစ်စရာကောင်းသည့်စာသားများကို သစ်ပင်ကြီးငယ်များတွင် သေသေသပ်သပ်ချိတ်ဆွဲထားကြလေ သည်။

မြတ်မိုးကျော်နှင့် ကျွန်တော် ခြေလှမ်းအများကြီးကွာခြားလာပြီး သူရှိရာနေရာသို့ ကျွန်တော်မီလာသည်။

“အစ်ကို ကျွန်တော့ကိုစောင့်ပါဦးဗျ”

သူ့ကို စောင့်ခေါ်ဖို့ပြောတော့ ကျွန်တော့ခြေတောက်များပုံမှန်မလှမ်းနိုင်ဘဲ မောနေသည့်အခိုက်အတန့် ဖြစ်သည်။ ကျောက်လှေကားထစ်များကိုဖြတ်ကျော်ရင်းသူရှိရာနှင့်နီးကပ်လာသည်။ သူက ကျွန်တော့ကို စောင့်ကာ လက်တစ်ဖက်ကမ်းပေးလေသည်။ ထိုတွင် ရင်ခုန်သံအစပြုလေသည်။ သူကမ်းပေးသော လက်တစ်ဖက်ကိုဆွဲယူဆုပ်ကိုင်ရင်း သူ့ကိုစိုက်ကြည့်မိလိုက်သည်။ နဖူးစ နားသယ်စများတွင် ချွေးခပ်စို့ စို့ဖြစ်နေသည့် သူမျက်နှာက သိပ်မောဟိုက်နေဟန်မပြ။ ကျွန်တော့အကြည့်တွင် သူလည်းနစ်မျောသွား ဟန်တူပါသည်။ ဆုပ်ကိုင်ထားသောလက်နှစ်ဖက်စလုံးသည် တော်ရုံနှင့်မလွှတ်မိကြ။ အကြည့်ချင်းဆုံမိ သောအခါ အမျိုးအမည်မသိသောရင်ခုန်မှုမျိုးကိုရလေသည်။

ထိုရင်ခုန်မှုသည် ကျွန်တော်၏ဘဝတွင်တစ်ခါမှမခံစားဖူးသောအရာလည်းဖြစ်သလို ထိုအရာသည် ချစ် ခြင်းမေတ္တာနှင့်ဆက်နွယ်နေမှန်းလည်းမခန့်မှန်းတတ်ခဲ့သေးပါ။ ခဏတာကြာတော့ သူက ခပ်လန့်လန့် ဖြစ်သွားကာ ကျွန်တော့လက်ကိုဆွဲဖြုတ်ချလိုက်ပါသည်။ ထို့နောက် ကျွန်တော်နှင့်ခပ်ကွာကွာအနေ အထားတွင်သာနေရင်းခရီးနှင်ခဲ့ကြသည်။ ထိုအချိန်အထိ သူကျွန်တော့ကိုကြည့်မရသေးဟုသူပြောဖူးပါ သည်။

တောင်ပေါ်တွင် စေတီတစ်ဆူရှိပြီး ဘုရားဖူးမျှော်နိုင်မည့်အပြင် မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ်ဆောက် ထားသည့် မှန်စင်္ကြန်တံတားရှိသည်။ ထိုတံတားပေါ်တွင်ဖုန်များတော့အလိမ်းလိမ်းတက်လျက်ရှိ၏၊၊ တောင်ပေါ်တွင်နိုင်ငံခြားသားမှအပ ပြည်တွင်းခရီးသွားများ ညအိပ်မည်ဆိုပါက အိပ်နိုင်ရန်အဆောင်များ လည်းရှိလေသည်။ သက်သက်လွတ်ထမင်း၊ ဟင်းနှင့် ကွေ့တီယိုရောင်းသည့်ဆိုင်အချို့ကိုလည်းတွေ့ရ လေသည်။ ရာသီဉတုကလည်း ဆောင်းမနက်ခင်းဖြစ် လူကလည်းရှင်းနေသည့်အခိုက်အတန့်မို့ အရာ အားလုံးသည် ပုံမှန်ထက်သာယာလှပလျှက်ရှိခဲ့ပါသည်။

“အရမ်းမိုက်တယ် အေးချမ်းလိုက်တာ”

သူနှင့်ကျွန်တော် က ပထမဆုံးရောက်လာကြသူများဖြစ်သည်မို့ ဟိုဟိုဒီဒီကို နှစ်ယောက်အတူတူကြည့် ဖော်ရလေသည်။ တောင်ပေါ်ရှုခင်းမို့ မောမောပန်းပန်းတက်လာသမျှကို လေရှုရှိုက်ရုံဖြင့်ပြေပျောက်စေ လေသည်။ ခဏတာပတ်ကြည့်ပြီးတော့ သူကဘုရားရှိခိုးသည်။ ကျောပိုးအိတ်ထဲတွင်ထည့်ထားသော ဘု ရားစာအုပ်၊ စိပ်ပုတီး၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ မီးခြစ်များကိုထုတ်ကာ ဆီမီးထွန်းပြီး စတင်ဘုရားရှိခိုး တော့သည်။ ပုဆိန်ပေါက်သကဲ့သို့ သုံးချက်ဦးချပြီးသူ့ဘေးတွင်ထိုင်ကာ သူပြုမူသမျှကို ကျွန်တော်မှင် သက်ငေးမောကြည့်လို့နေလေသည်။

“အိမ်ကအမေအတိုင်းပဲ သေသေချာချာကျကျနနစီစဉ်ပြီး ဘုရားရှိခိုးနေတာ၊ ကြည်ညိုစရာကောင်းလိုက် တာ”

ခပ်တိုးတိုးလေးညည်းတော့ သူက ကျွန်တော့ကိုတစ်ချက်ကြည့်သည်။

ဘုရားစာရွတ်၊ မျက်လွှာချထားသည်မို့ သူ့ဘေးနားတွင်အကျအနထိုင်ပြီးစိုက်ကြည့်နေသည့် ကျွန်တော့ ကို သတိမထားလောက်ဘူးဟုယူဆထားသော်လည်း မျက်လုံးတစ်ချက်ဖွင့်ပြီးကျွန်တော့ဖက်ကိုမကျေ မနပ်ကြည့်တော့ သူ့ဆီကိုအကြည့်များဖျတ်ခနဲလွှဲလိုက်ရသည်။

“ဟေ့ကောင် ဘာကြည့်တာလဲ၊ မကြည့်နဲ့”

ခပ်စွာစွာရန်တွေ့သံကိုကြားလိုက်ရသည့်အခါ တောင်တက်စဉ်ကနူးညံ့မှုများ ကွယ်ပျောက်သွားခဲ့လေ သည်။ သူက ရှက်ရှက်နှင့် အရှေ့တစ်ပေခန့်အကွာဆီကိုရွှေ့ကာဘုရားဝတ်ပြုသည်။

“ဆောရီး အစ်ကို့ပုံစံလေးကို သဘောကျလို့ကြည့်မိတာ”

ကျွန်တော် သူကြားအောင်ဝန်ခံလိုက်ကာ ထထွက်လာခဲ့သည်။ မြတ်မိုးကျော်ရောက်လာသည်နှင့်ကွက် တိကျသည်မို့ သူ့ကိုဘုရားရှိခိုးခိုင်းပြီး မျောက်စာသွားကျွေးကြသည်။ မနက်စာ ကွေ့သယိုစားကြ နောက် လူများကိုစောင့်ကိုဓါတ်ပုံရိုက်ပေးကြနှင့် အလုပ်ရှုပ်သွားပါသည်။ တောင်ပေါ်တွင် တစ်နာရီခန့်နေကြပြီး သည့်နောက်တွင် ပြန်ဆင်းကြတော့သည်။

အဆင်းလမ်းခရီးတွင် သူကျွန်တော့်ကိုရှောင်နေခဲ့ပါသည်။ စကားလည်းသိပ်မပြော ကျွန်တော်ပြောလျှင် လည်း မဖြေချင်ဖြေချင်နှင့် ချေမိုးနေတော့၏။ ထိုနေ့တစ်နေ့လုံး သူကျွန်တော့ကိုစကားသိပ်မပြော။ နဂို ကတည်းက ကြည့်မရ၍လည်းဖြစ်ချင်ဖြစ်မည်။ တောင်ပေါ်ကကိစ္စကြောင်းလည်းဖြစ်ချင်ဖြစ်ပါလိမ့် မည်။ ဇွဲကပင်တောင်ခရီးသည် ကျွန်တော့အတွက်တော့ သူနှင့်ထင်ထားသည်ထက်ပို၍ ရင်းနှီးနိုင်ခဲ့သည် ဟုဆိုရပါမည်။

တောင်တက်ပြီးသည်နှင့် ဘုရား၊ ဂူ များကိုပတ်ဖူးကာ ဟိုတယ်ဆီသို့ညနေ ၄ နာရီပြန်ရောက်ကြသည်။ ဖြစ်ချင်တော့ သူနှင့်ကျွန်တော်က တစ်ခန်းတည်း၊ ကုတင်ကလည်းနှစ်ယောက်အိပ်ကုတင်ဖြစ်နေသည် မို့ အကွက်အကွင်းကကျလှသည်။ ဇာတ်လမ်းတစ်ပုဒ်အတွက် စာရေးဆရာဖန်တီးထားသောဇာတ်ဝင်ခန်း ပမာ၊ ဒါရိုက်တာကစီစဉ်ပေးသောဇာတ်ကွက်တစ်ခုပမာ သူနှင့်ချစ်ကြိုက်ဖို့အတွက်တော့ သူမပြောနှင့် ကျွန်တော်ကိုယ်တိုင်လည်းစိတ်ကူးမရှိခဲ့သေးပါ။ သူ့ကိုသဘောကျရုံမှလွဲ၍ ချစ်ဖို့မတွေးခဲ့သလို ကျွန် တော့ထံတွင်လည်း လက်ရှိချစ်သူရှိနေခဲ့သောကာလပင်။

“အစ်ကို ပင်ပန်းနေပြီလား အေးဆေးပဲလား”

နေ့လည်စာစားတော့လည်း သူနှင့်ကျွန်တော်အတူတူမထိုင်ဖြစ်ခဲ့။ ကားပေါ်တွင်လည်းဟေးလားဝါးလား နှင့်ပင် အားလုံးရင်းရင်းနှီးနှီးအချိန်ကုန်ခဲ့ကြသည်။ ဟိုတယ်ကိုရောက်တော့မှ အခန်းထဲရောက်တော့မှ သူ့ကိုကျွန်တော် စကားသေချာပြောဖြစ်တော့သည်။ သူက ဖုန်းသုံးနေရင်းမှပင် ကျွန်တော့ကိုမကြည့်ဘဲ ပြန်ဖြေသည်။

“အင်း အေးဆေးပါပဲ၊ မင်းရေချိုးမယ်ဆို အရင်ချိုးလေ၊ ကိုယ်နောက်မှချိုးမယ်”

“အစ်ကို အရင်ချိုး၊ ကျွန်တော် ကောင်မလေးနဲ့ဖုန်းပြောဦးမှာ”

“အော်”

သူကျွန်တော့ကိုတစ်ချက်ကြည့်သည်။ နှုတ်ခမ်းအနည်းငယ်ထော်သွား၏။ ထို့နောက်ဖုန်းကိုချကာ ရေချိုး ဖို့ပြင်နေတာတွေ့ရပါသည်။ ကျွန်တော်ကတော့ ချစ်သူဆီကိုဖုန်းခေါ်ရင်း သူရေချိုးသည့် ၁၀ မိနစ်ဝန်း ကျင်ကိုဖြုန်းလိုက်ပါသည်။ နေ့လည်စာချိန်နောက်ကျသည်မို့ ညစာကိုသပ်သပ်သွားမစားကြဖြစ်။ မိန်း ကလေးတစ်စုနှင့်ကားဆရာကတော့ ရွှေမန်ကျဉ်းပင်တွင်စားမည်ဟုဆိုကာ ထွက်စားကြသည်။ ကျွန် တော်တို့ယောင်္ကျားလေးအဖွဲ့ကတော့ နည်းနည်းပါးပါးသောက်ဖြစ်ပါသည်။ ထိုအချိန်တွင်ရင်းနှီးမှုက ပို မိုစေခဲ့၏။

အလုပ်အကြောင်းကိုတော့သိပ်မပြောဖြစ်ကြသလို ချစ်သူရည်းစားအကြောင်းနည်းနည်းပါးပါးသာပြော ဖြစ်ကြသည်။

“ကိုဝေယံ အသဲကွဲပြီးလိုက်လာတယ်လို့ကြားတယ် ကျွန်တော်တို့ကိုရင်ဖွင့်ပါဦးဗျ”

သူ့အကြောင်းကိုဝိုင်းမေးတော့မှ သူက ရင်ဖွင့်ဖြစ်ခဲ့သည်။ သိပ်တော့ထွေထွေထူးထူးမပြောပြ။ သူနှင့် သူ့ ရည်းစားကောင်မလေးတို့ ၄ နှစ်တာချစ်ခဲ့ကြသည့်အကြာင်း တွဲခဲ့ကြသည့်အကြောင်း ထို့နောက် သူ့ရည်း စားက သူ့ကိုဖြတ်သွားသည့်အကြောင်းလောက်သာ ယေဘုယျပြောပြခဲ့သည်။

“လေးနှစ်တာတွဲပြီးမှ နှမြောစရာဗျာ နော်”

သူ့ရင်ဖွင့်ချက်များကို ထိုမျှလောက်သာမှတ်ချက်ပေးကြသည်။ ဘာကြောင့်လမ်းခွဲခဲ့သလဲဆိုသည့် အ ကြောင်းအရာခိုင်ခိုင်လုံလုံကိုသူလည်းမပြောသလို ကျွန်တော်တို့အားလုံးလည်းမမေးခဲ့ကြပါ။ မေးစရာ အကြောင်းကိစ္စလည်းရှိမနေခဲ့ပါချေ။

ကျွန်တော်တို့အားလုံးက လည်းထပ်မမေးဖြစ်။ ကိုယ်ရေးကိုယ်တာအကြောင်းများထက် ဒေသဆိုင်ရာ များ ပတ်ဝန်းကျင်စူးစမ်း လေ့လာရေးအကြောင်းများကိုသာ အလေးပေးပြောကြတတ်သည့် ထိုခရီးသွား အဖွဲ့ကိုကျွန်တော်သ ဘောကျနှစ်သက်သလို သူလည်းသဘောကျလိမ့်မည်ဟုထင်ပါသည်။

အမှတ်ရစရာကိစ္စကတော့ ထိုညဖြစ်သည်။ ထိုည ဟိုတယ်တွင်အိပ်သည့်ည ဖြစ်ပါသည်။ ရုပ်ရှင်ဇာတ် ကားများထဲကလိုတော့ ရိုမန်တစ်မဆန်လှ။ သူလည်းမူးကိုယ်လည်းမူးတော့ ခပ်မူးမူးအနေအထားနှင့်ပင် ကိုယ့်နေရာကိုယ်အိပ်ကြသည်။ စကားလည်းထွေထွေထူးထူးမပြောဖြစ်ကြ။

မအိပ်ခင်ကျွန်တော့် မေ နှင့်ဖုန်းပြောဖြစ်သည်။ သမီးရည်းစားတို့ထုံးစံအတိုင်း ဒီနေ့သွားခဲ့လာခဲ့သမျှကို အစီရင်ခံစာသဘောတင်ရုံပင်။ ထို့နောက် အိပ်ယာဝင်တော့ သူ့အကြောင်းတွေးမိလာသည်။ သူ တစ်နေ့ လုံးလှုပ်ရှားမှုမှန်သမျှတွင် ကျွန်တော့ကိုရှောင်နေသလို စကားမပြောချင်သလို အမူအရာများစဉ်းစားရင်း ပေါ်လာသည်မို့ သူ့ကိုမေးဖြစ်သည်။ တစ်ချို့သောအကြောင်းအရာကိစ္စများမှလွဲလျှင် ဖြစ်ချင်ပြောချင် သည်ကို ချက်ချင်းအကောင်အထည်ဖော်ဖို့ဝန်မလေးသူမို့ သူ့ဘက်မှ မည်ကဲ့သို့သဘောထားမလဲဆိုသည့် အချက်ကိုတောင်သိပ်မတွေးခဲ့တော့ပါ။

“အစ်ကို ကျွန်တော့ကိုရှောင်နေတာလား စကားမပြောချင်တာလားတစ်ခုခုပဲ”

ကျွန်တော် တည့်တိုး (ဒဲ့) မေးသည်မို့ သူအံအားတော့သင့်သွားပုံရသည်။

“အာ မဟုတ်ပါဘူး”

“မသိဘူး အဲလိုခံစားရလို့၊ အစ်ကိုဘုရားရှိခိုးနေတာကို စိုက်ကြည့်နေလို့ စိတ်များဆိုးသွားသလားလို့”

“ဟင့်အင်း”

လူက ခပ်မူးမူးဖြစ်နေသည်မို့ ကျွန်တော်မေးသမျှ သူသဘောမကျခဲ့လျှင်လည်း မူးနေ၍ဟုဆိုကာ အကြောင်းပြချက်ပေးလို့ရသည်လေ။

“ဒါဆိုရင် ဘာကြောင့်လဲ”

“ဘာကြောင့်မှမဟုတ်ပါဘူး ကိုယ်ဒီလိုပဲနေတတ်တာပါ”

သူ့ဖြေဆိုပုံများက ပြတ်သားတိုတောင်းလှသည်။ မူနေသည်လား ပဲများနေသည်လား တော့မသိ။ နဂိုရှိ ရင်းစွဲပုံစံမဟုတ်သည်ကိုတော့သတိထားမိပါသည်။

“အစ်ကို”

ကျွန်တော်သူ့ကို ခပ်ကျယ်ကျယ်ခေါ်တော့ သူကျွန်တော့်ကိုစိုက်ကြည့်သည်။

ထိုတဒင်္ဂတွင် ကျွန်တော်တို့နှစ်ယောက်အကြည့်ချင်းဆုံသွားခဲ့ပါသည်။ သူကမ်းပေးသောလက်တစ်ဖက် ကိုဆွဲယူဆုပ်ကိုင်ခဲ့စဉ်ကပုံစံအကြည့်မျိုးလို နှစ်ယောက်သားစိုက်ကြည့်ဖြစ်ကြသည်။ သူလည်း ကျွန် တော့်ထံမှ အကြည့်မလွဲခဲ့သလို ကျွန်တော်လည်းစိုက်ကြည့်နေမြဲ။ ထို့နောက်။

>>>>>