(၂၃)
သို့သော် သူက ကျွန်တော့ကိုအပြစ်တင်လေသည်။
“တစ်ခုခုဆို စိတ်ဆင်းရဲအောင်လုပ်ဖို့ပဲ၊ ဘာလဲ၊ ဘာဖြစ်နေတာလဲပြော”
“ကျွန်တော်ဘာဖြစ်နေတာလဲ မသိဘူးလား၊ မသိချင်ယောင်ဆောင်နေတာလား”
“အေး မသိဘူးဟေ့”
“အဲဒါပဲလေ၊ ခင်ဗျားက ခင်ဗျားအတ္တပဲသိတာ၊ လူတစ်ဖက်သားခံစားချက်ဘယ်လိုနေမလဲ ဘယ်တုန်းက စဉ်းစားဖူးလို့လဲ၊ ကျွန်တော့ကိုအတ္တကြီးတယ်သာပြောတာ၊ တကယ်တမ်းအတ္တကြီးတာဘယ်သူလဲ သေ ချာစဉ်းစားကြည့်၊ ဒီစကားပြောရင် ဒီလိုခံစားချက်ဖြစ်မယ်ဆိုတာ မသိဘူးပဲထားဦး၊ လူတစ်ဖက်သားခံ စားသွားရတဲ့အခိုက်အတန့်မှာ ရှင်းပြရမယ်ဗျ”
သူ့ကိုစိတ်တိုတိုနှင့်ပြောမိပါသည်။ ထိုအရာက ကျွန်တော့အကျင့်ပါပဲ။ သူ့အပေါ်ထိခိုက်လိုစိတ်တော့မရှိ ပါ။ ကျွန်တော်ခံစားရသော သူနှင့်ပတ်သက်သည့်လိုအပ်ချက်များကို သူ့ကိုပြောမှ သူပြုပြင်နိုင်မည်ဆို သည့်စိတ်သာရှိလေသည်။ ဒေါသကလည်းထွက် ဝမ်းလည်းနည်းမို့တော်တော်လေးကိုပြောဖြစ်ခဲ့သောနေ့ ဟုဆိုရပါမည်။
“လမ်းအတူလျှောက်ရင် ပခုံးဖက်တာမကြိုက်ဘူး၊ ဘေးပတ်ဝန်းကျင်မှာ ကျွန်တော်နဲ့နီးနီးကပ်ကပ်နေ လို့တစ်ယောက်ယောက်ကမြင်သွားမှာအသေကြောက်တယ်၊ ရတယ် ထားတော့ ဒါကမြန်မာနိုင်ငံဆိုတဲ့ အကြောင်းပြချက်နဲ့နားလည်ပေးလို့ရတယ်၊ ကိစ္စတစ်ခုခုဆိုရင် မြုံထားတယ်၊ အတွင်းကောက်နေတယ်၊ ဘာကိစ္စလဲဆိုတာသိမှ ဖြေရှင်းလို့ရမယ်ဆိုတာကိုနားမလည်ဘူး၊ အချိန်တန်ရင်ပြီးရောဆိုပြီး မြုံနေ တယ်၊ ပြီးတော့….ပြီးတော့ ကျွန်တော်မကြိုက်တဲ့အခုလိုစကားလုံးမျိုးနဲ့ ထိုးနှက်တယ်”
“နင်ကလေးလား၊ အဲဒါ ဒီအတိုင်းပဲပြောလိုက်တာလေ၊ ကျွတ်…ငါ…ငါ ဒီစိတ်ရှိပြီးမှ ဒီလိုဖြစ်နေပြီးမှ အခြားမိန်းကလေးတစ်ယောက်ကိုလက်ထပ်ပေါင်းသင်းလောက်တဲ့အထိ အောက်တန်းမကျဘူးဆန်းနေ ရောင်၊ လူတိုင်းဟာ ကိုယ်ဖြစ်တည်မှု ကိုယ့်ဘဝနဲ့ကိုယ်လာကြတာကို လက်ခံရမယ်ဆိုတာ ကိုယ်သိပြီး သား”
“ဒါဆို ကျွန်တော့ကိုသပ်သပ်စိတ်ဆင်းရဲအောင်လုပ်နေတာပေါ့”
“လုပ်နေတာက နင်လေ”
“ကျွန်တော့မှာ ခင်ဗျားကြီးနဲ့ပတ်သက်လို့ စိတ်ဆင်းရဲအောင်လုပ်ဖို့ဘယ်တုန်းကမှစိတ်ကူးမရှိဘူးဗျ၊ ခင် ဗျားကြီးပျော်တာကိုပဲမြင်ချင်တယ်လို့ခဏခဏပြောတာပဲ၊ ခင်ဗျားသာ ကျွန်းကြီးတစ်ကျွန်းလုံးကို ကျွန် တော့်ကိုပစ်ပြီးထားခဲ့တာ၊ ဘယ်လိုပဲရန်ဖြစ်ရန်ဖြစ် ဘယ်လိုပဲပြသနာရှိရှိ ဒီလိုကိစ္စမျိုးကလုပ်သင့်သ လားမလုပ်သင့်ဘူးလားစဉ်းစားရမှာ၊ ကိုယ်ချင်းစာစိတ်ရှိရမှာ”
“ဆန်းနေရောင် နင်မပြီးတော့ဘူးလား၊ အဲဒီ မဆိုင်တဲ့ကိစ္စကိုဘာလို့ထည့်ပြောနေရတာလဲ”
“ကျွန်တော်က ခံစားရတဲ့သူဗျ၊ ခင်ဗျားက လုပ်သွားတဲ့လူလေ၊ စိတ်ဆိုးတယ်ဆိုပြီး လူတစ်ဖက်သားကို သေရာပါဒဏ်ရာရအောင်လုပ်လို့ရမှာလား၊ တစ်သက်လုံးမမေ့ဘူး၊ တွေးတိုင်းလည်းရင်နာတယ်”
မဆိုင်ဘူးဟုသူကယူဆထားသော်လည်း ကျွန်တော့အကျင့်အတိုင်းပြသနာတစ်ခုခုဖြစ်လာလျှင်ယခင်ဖြစ် ခဲ့ဖူးသောအရာများကို မြင်ယောင်ကာ အကြီးအကျယ်စိတ်ဆိုးတတ်တော့သည်။ သူက စကားကလည်း နည်း၊ ပြန်ပြောရန်လည်း မစွမ်းသာသည်မို့ တစ်ဖက်သက်တော့ဆန်လှသည့် ဖုန်းတိုက်ပွဲဟုဆိုရပေမည်။ သို့သော်လည်း ကျွန်တော်ဝမ်းနည်းစွာရှိုက်ငိုရင်း သူ့ကိုစကားလုံးများနှင့်ထိုးနှက်နေဆဲပင်။
“အခုဖြေရှင်းပြီးပြီပဲ ပြီးပြီမဟုတ်လား”
“မပြီးဘူးဗျ၊ ဒဏ်ရာတွေဗလပွနဲ့လုပ်ချင်တာလုပ်ပြီးမှ ခင်ဗျားက ပြီးပြီမှလားဆိုပြီးဇာတ်သိမ်းလို့ရမလား၊ အရာရာတိုင်းကို ခင်ဗျားအတ္တနဲ့ချည်းတည်ဆောက်ချင်လို့ရမလား”
“တောက် နင်ဘာဖြစ်ချင်နေတာလဲ၊ ငါစိတ်ဆင်းရဲလာပြီဆန်းနေရောင်”
“ကျုပ်ဘာမှမဖြစ်ချင်ဘူး၊ အေး ခင်ဗျားကိုချစ်တာပဲသိတယ်၊ လက်လွှတ်ဆုံးရှုံးဖို့လုံးဝစိတ်ကူးမရှိဘူး၊ အဲဒါက ဝဋ်ကြွေးပဲ၊ ကျုပ်ဝဋ်ကျွေးမကျေသေးသရွေ့တော့ ခင်ဗျားကိုဆက်ချစ်နေရဦးမှာပေါ့၊ ဒါပဲဗျာ”
ထိုစကားကြောင့် သူအကြီးအကျယ်စိတ်တိုစိတ်ညစ်သွားလိမ့်မည်မှန်းကျွန်တော်သိပါသည်။ သူ့ကိုစိတ် ညစ်အောင်လုပ်ရန်ဟူသည့်ရည်ရွယ်ချက်တော့မရှိပါ။ သို့သော်လည်း သူပေးသောဒဏ်ရာများနှင့်ထိုက် တန်မှုတစ်ခုကိုတော့ ကျွန်တော့စကားလုံးများကနေတစ်ဆင့် သူရခဲ့လေခြင်းဟုရက်စက်စွာတွေးမိ ပြန်သည်။ တစ်ဖက်ကလည်း သူနာကျင်မှာကို ကျွန်တော် အင်မတန်ကြောက်ခဲ့သည်ပင်။ သူ့ကိုကျွန် တော်မြတ်နိုးလှသည်။ သူထိခိုက်မည့်အစား ကျွန်တော်သာရင်ကော့ပြီးနေပေးလိုက်မည်။ သူနာကျင်မည့် အစား ကျွန်တော်ဝင်ခံစားပေးလိုက်ချင်သည်။ သို့သော်လည်း သူက ကျွန်တော်တွေးသလိုမတွေးခဲ့ပါ။ အ ရာရာတိုင်းကို တည်ငြိမ်အေးချမ်းစွာ သွေးအေးစွာ စဉ်းစားဆုံးဖြတ်ခဲ့ပါသည်။
အချစ်အတွက် အရာရာကိုလိုက်လျောအဆင်အသင့်ရှိနေချင်သူ ကျွန်တော့အဖို့ကတော့ သူ့အတွေးများ သည်ဆန့်ကျင်ဘက်အဖြစ်တည်ရှိနေခဲ့သည်ပင်။ စိတ်တိုနေသည့်အခိုက်အတန့်မို့ သူ့ကိုကျွန်တော်နှင့် ပတ်သက်၍ကျွန်တော်တည်ဆောက်သည့်ချစ်ခြင်းကမ္ဘာအတိုင်းလိုက်နာစေချင်၍သာ ဖိပြောနေခဲ့ခြင်း ဟုဝန်ခံရပါသည်။ သူ့ကိုချစ်ရသည့်အတွက် ဝဋ်ကြွေးတစ်ရပ်ဟုဘယ်တုန်းကမှလည်း မခံယူဖူးခဲ့သလို စိတ်ကူးလည်းမရှိခဲ့ပါ။
မျက်ရည်ရွှဲဖြင့် ကားဆက်မောင်းလာခဲ့သည်။
“ငါသူ့ကိုချစ်သလောက် သူက သွေးအေးလွန်းတယ်”
တီးတိုးရေရွတ်မိကာ ဟောင်ကောင်ရက်စွဲများကို ပြန်ပြောင်းတမ်းတနေမိသည်။ ပတ်ဝန်းကျင်အနေ အ ထားက ပုဂ္ဂလိကခံစားမှုကိုတိုက်ရိုက်ပြောင်းလဲစေနိုင်ပါသလား။ ကျွန်တော်တို့လုပ်ချင်သည့်ဆန္ဒ၊ ဖြစ် ချင်သည့်အရာ၊ နေထိုင်လိုသည့်ပုံစံများအားလုံးကို ပတ်ဝန်းကျင်စိတ်တိုင်းကျပြောင်းလဲရမည်လား။ ထို ပတ်ဝန်းကျင်သည် ကျွန်တော်တို့ကိုတစ်သက်လုံးစောင့်ကြည့်နိုင်သည်ထားဦး ကိုယ့်ဆန္ဒကိုတော့ စတေး ခြင်းမပြုလုပ်နိုင်ပါ။
ကျွန်တော်အစ်ကို့ကိုချစ်၍ ချစ်ကြောင်းအမူအရာများကိုလွတ်လွတ်လပ်လပ်ပြချင်သည်။ အားလုံး၏ အ မြင်တွင် ကျွန်တော်သည် ကလပ်တက်တက်နိုင်လှသော မျက်စိစပါးမွှေးစူးလှသော ချာတိတ်တစ်ဦးဖြစ် ကောင်းဖြစ်နေလိမ့်မည်။ သို့သော်လည်း ပကတိစိတ်ရင်းမှာမူ ပတ်ဝန်းကျင်အမြင်ကပ်လောက်အောင် အထိတော့ အနေအထိုင်မဆင်ခြင်ရန်စိတ်ကူးမရှိပါ။ တစ်ဖက်တွင်လည်း ကျွန်တော်လုပ်ချင်နေထိုင်ချင် သော ဘဝနေထိုင်မှုပုံစံကို ပတ်ဝန်းကျင်အမြင်မတော်ဆိုပြီး ပြောင်းလဲပေးဖို့တော့လုံးဝ လုံးဝမလုပ်ချင် ပါ။
“ဟား…သူသာတကယ် လက်ထပ်သွားရင် ငါဘာလုပ်ရမလဲမသိတော့ဘူးကွာ”
သူသည် သူ့စိတ်ထဲတွင် ကျွန်တော်နှင့်ရာသက်ပန်ပေါင်းဖက်လိုသည့်ဆန္ဒအမှန်တကယ်ရှိစေဦးတော့။ ပတ်ဝန်းကျင်က ဆော်ဩလျှင် သူ့မိသားစုကတိုက်တွန်းလျှင် ကျွန်တော့ကိုပစ်ပယ်ပြီး ပတ်ဝန်းကျင်နှင့် မိသားစုလိုအပ်ကိုလုပ်ဆောင်မည့်သူဟု ကျွန်တော်မြင်နေမိခဲ့သည်။ တစ်ခုတော့ရှိသည်။ ကျွန်တော်သူ့ ကိုအဝေးဆုံးသို့ခေါ်ထုတ်သွားနိုင်လျှင်တော့ အရာရာအဆင်ပြေကာ ကျွန်တော့စိတ်တိုင်းကျဖြစ်သွား လိမ့်မည်။ သို့သော်လည်း သူသည် သူ့မိသားစုကိုပစ်ခွာက ကျွန်တော်ခေါ်ဆောင်ရာနောက်လိုက်လာမည့် သူလည်းမဟုတ်ပြန်။ သူမလိုက်မှန်းသိ၍ ကျွန်တော်လည်းမခေါ်ရက်ပြန်ပါ။
“ကိုယ့်မှာက အမေတစ်ယောက်ပဲရှိတော့တာလေညီရ၊ အမေ့ကိုစောင့်ရှောက်ရမယ်၊ အမေ့တာဝန်တွေ လုပ်ပေးရမယ်၊ အသက်ရှင်တုန်းမှာအမေ့ကို ကိုယ်စွမ်းဉဏ်စွမ်းရှိသလောက်ပြုစုချင်သေးတယ်”
“ကျွန်တော်ကလည်း သဘောပြောတာပါဗျာ၊ အစ်ကို့အမေကို အစ်ကိုချစ်သလို ကျွန်တော်လည်းချစ်ပါ တယ်၊ သူ့လက်ထဲကနေ အစ်ကို့ကိုခေါ်သွားဖို့လည်းစိတ်ကူးမရှိပါဘူး”
သူ့အမေနှင့်ပတ်သက်သည့်အမှတ်တရတစ်ခုလည်းရှိခဲ့ပါသည်။ ဟောင်ကောင်က ပြန်လာပြီးမှဖြစ်ပျက်ခဲ့ သောအမှတ်တရလည်းဖြစ်လေသည်။ အစ်ကို့အဒေါ်နေထိုင်ရာပဲခူးကိုအလည်သွားသည့်အခိုက် အစ်ကို့ အမေက ကျွန်တော့ကိုခေါ်ခဲ့ရာမှ အဖြစ်အပျက်စတင်ခဲ့သည်။ ကျွန်တော်ရယ်၊ သူ့အမေရယ်၊ သူရယ် သုံးယောက်သား ပဲခူးအိမ်ကိုရောက်တော့ သူ့အဒေါ်အပျိုကြီးက ခရီးဦးကြိုဆိုကာ စကားဖောင်ဖွဲ့ပြော ကြသည်။ အမှန်တော့ ဘုန်းကြီးကျောင်းတွင်မွေးနေ့အလှူရှိ၍ ဖိတ်လိုက်ခြင်းပင်။ အိမ်က နှစ်ထပ်အိမ် မို့ အပေါ်ထပ်တွင် ကျွန်တော်နှင့်အစ်ကိုတို့ကိုပေးအိပ်မည်။ အောက်ထပ်တွင်တော့ အစ်ကို့အမေနှင့်သူညီမ တို့အိပ်ကြမည့်ဟု အစီအစဉ်ဆွဲထားခဲ့ကြသည်။
ကျွန်တော့အမေသည်လည်း ရန်ကုန်ကိုမျက်စိခွဲရန်ရောက်နေသည့်အခိုက်အတန့်ဖြစ်သည်။ အမေ့ကို မျက်စိပြရန် ဆေးခန်းလိုက်ပို့ရန်တာဝန်များယူထားရသော်လည်း သူနှင့်ခရီးတိုထွက်ရမည်ဟူသောအခွင့် အရေးရလာသောအခါ ဆုံးရှုံးမခံနိုင်တော့။
“ဇေယျာ၊ မင်းပဲ အကုန်လိုက်လုပ်ပေးလိုက်တော့၊ ငါခရီးသွားစရာရှိလို့၊ အကုန်လုံးစိတ်ချမယ်နော်”
ညီဝမ်းကွဲဖြစ်သူကို အားလုံးလွှဲထားခဲ့သည်။ အမေကလည်း ကျွန်တော့ကိုထက် ကျွန်တော့ညီဝမ်းကွဲကို ပို၍စိတ်ချသည်။ ကျွန်တော်က ဘာလုပ်လုပ်စိတ်ရှည်တတ်သူမဟုတ်၊ တစ်ခုခုဆို ဘုနှင့်ဘောက်ပြော တတ်လွန်း၍ ဟုဆိုလေသည်။ အမေမျက်စိခွဲရန်ရှိသည်ဟု သူ့ကိုတစ်ခေါက်ပြောပြဖူးသော်လည်းသူက သိပ်စိတ်ဝင်စားဟန်မပြ။ ကျွန်တော်ကလည်း သူ ကျွန်တော့မိသားစုအပေါ်စိတ်မဝင်စားသည်မှာပြသနာ မရှိ၊ ကျွန်တော့ကိုနှစ်နှစ်ကာကာချစ်နေရုံနှင့်ကျေနပ်လှပြီဟုခံယူထားသူဖြစ်လေသည်။
ချစ်သူနှင့်တစ်ညတာ အေးအေးလူလူနေရမည့်အဖြစ်။ ချစ်သူလက်ကိုဆုပ်ကိုင်ကာ တစ်ညတာအိပ်စက် ရမည့်အခိုက်အတန့်ကို ကျွန်တော်မက်မောလှပါသည်။ စိတ်ကူးလည်းအကြီးအကျယ်ယဉ်ပါသည်။ ဖြူ စင်စွာလက်ချင်းကိုင်အိပ်စက်ရသည့် ညတစ်ညအဖြစ် သမိုင်းလည်းတွင်ချင်ပါသည်။ ထိုညက အဒေါ် အပျိုကြီးက…
“ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားချက်မလို့ နင်တို့မနက်စောစောကျမှ ပြင်ဆင်ပြီးကျောင်းကိုလိုက်လာခဲ့ ကြ” ဟုဆိုကာ ဘုန်းကြီးကျောင်းသို့ ထွက်သွားခဲ့တော့သည်။ သို့နှင့် အိပ်ချိန်ရောက်သည့်အခါတွင်တော့ သူကျွန်တော့ကိုပြောလာလေသည်။
“အောက်မှာ အမေတစ်ယောက်တည်းဖြစ်နေတယ်၊ ကိုယ်တို့တန်းစီပြီးသုံးယောက်အိပ်ကြမယ်လေ၊ အ မေ့ကို စိတ်မချဘူး”
သူထိုစကားပြောလာသည့်အခါ ကျွန်တော်ဆွံအမိသွားလေသည်။ သူ့ကိုအပြစ်တင်ခြင်းတော့မဟုတ်။ ကျွန်တော်သူ့လိုမစဉ်းစားမိ၍ဖြစ်သည်။ ပျဉ်ထောင်အိမ်တစ်ဆောင်တည်းတွင် အပေါ်ထပ်အောက်ထပ် အိပ်ခြင်းက ဘာကွာခြားလို့လဲ။ သူ့အမေက အောက်ထပ်တွင်တစ်ယောက်တည်းအိပ်၊ ကျွန်တော်တို့က နဂိုစီစဉ်ထားသည့်အတိုင်းအပေါ်ထပ်တွင်အိပ်တော့ စိတ်မချစရာအကြောင်းအရင်းတစ်ခုခုများရှိသလား ဆိုသည်ကို နားမလည်မိရိုးအမှန်ပင်။
သူ့လက်ကိုဆုပ်ကိုင်၍အိပ်ရန်အခွင့်အရေးကိုတော့နှမြောမိသွားသည်။
“ရတယ်၊ ဒါဆိုလည်း ကျွန်တော်တစ်ယောက်တည်းပဲ အပေါ်မှာအိပ်လိုက်မယ်၊ အစ်ကိုပဲ အစ်ကို့အမေ နဲ့ အတူတူအောက်မှာအိပ်လိုက်လေ”
ရင်နာနာနှင့်ပြောလိုက်မိပြီး ကျွန်တော်စိတ်ထဲမည်သို့ခံစားရလိမ့်မည်ကို သူရိပ်မိစေလိုသော်လည်းသူက တော့ မသိခဲ့ပါ။ “အင်း ပြီးရော” ဟုသာခေါင်းညိတ်လက်ခံခဲ့သည်။ ကျွန်တော့စိတ်ထဲတနုံ့နုံ့ခံစားရသည်။ သူ့အမေနှင့်တော့ ကျွန်တော်မယှဉ်လိုသော်လည်း ထိုကိစ္စတွင်တော့ သူလွန်သည်ဟု ကျွန်တော်ကယူဆ လေသည်။ တစ်ခုခုစိတ်ထဲခုနေပါက မနေနိုင်မထိုင်နိုင်ဖြစ်သည့်ထုံးစံအတိုင်း အပေါ်ထပ်ကိုတက်ကာ အိပ်ရာထဲလှဲရင်း သူ့ဖုန်းဆီကိုမတ်ဆေ့ချ်တစ်စောင်ပို့မိလိုက်သည်။
“ကျွန်တော်ကတော့ အမေမျက်စိခွဲတာကိုထားပြီးအစ်ကိုနဲ့ လက်ချင်းကိုင်ပြီးအိပ်ချင်လို့လိုက်လာခဲ့တယ်၊ အစ်ကိုကတော့ အစ်ကို့အမေကိုစိတ်မချလို့ အောက်ထပ်မှာအိပ်ပါရစေတဲ့လား၊ သိပ်တော့ တရားမမျှတ ဘူးထင်တယ်နော်”
သူနှင့်ပတ်သက်လာလျှင် ကျွန်တော်သည်အားလုံးအတွက် ဗီလိန်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ကျွန်တော် တစ်ယောက်တည်းသာ သူ့ကိုပိုင်ဆိုင်ချင်သည်ကိုး။ ထိုညက အိပ်ရာထဲလူးလှိမ့်ရင်း ဝမ်းနည်းမိပြန်သည်။ သိပ်မကြာပါ။ တစ်အိမ်လုံးကိုမီးပိတ်ပြီးသည့်နောက် သူ ကျွန်တော့ဆီရောက်လာခဲ့သည်။ ကျွန်တော့ လက်ကိုဆုပ်ကိုင်ကာနှစ်ယောက်အတူအိပ်စက်ခဲ့သည်။
ထိုသို့ဆိုလျှင် သူသည် ကျွန်တော့ကိုအင်မတန်ချစ်ကြောင်းအသိအမှတ်ပြုရပါသည်။ ပတ်ဝန်းကျင်အခြေ အနေ၊ တစ်ခါတစ်ရံသူကိုယ်တိုင်သတိမထားမိသော အမူအကျင့်အချို့ကြောင့် ကျွန်တော်နှင့်သဘော ထားကွဲလွဲကာ ပြသနာတက်ရသော်လည်း ကျွန်တော့ကိုချစ်သည့်အချစ်ကတော့ သူ့ထံတွင်အပြည့်အဝ ရှိနေကြောင်းတော့ရင်ထဲအသိအမှတ်ပြုထားပါသည်။ ထိုအသိကို ၂၄ နာရီပတ်လုံးရင်ထဲသံမှိုရိုက်ခတ် မထားနိုင်ခဲ့သော ဆန်းနေရောင်ကျွန်တော့ကြောင့် သူစိတ်ဆိုးစိတ်တိုရသည်။ စိတ်ညစ်ရသည်။ ထို့အတူ ကျွန်တော်လည်း ဝမ်းနည်းရပါသည်။
ယခုကဲ့သို့မိန်းမယူမည်ဟု အမှတ်တမဲ့စလိုက်သည့်စကားကတော့ ကျွန်တော်ဝမ်းအနည်းရဆုံးဖြစ်လေ သည်။
“ဘယ်ရောက်ပြီလဲ”
ကျွန်တော်အိမ်ပြန်မရောက်ခင်မိနစ်ပိုင်းအလိုတွင်သူ့ထံမှာဖုန်းလာပါသည်။ စိတ်ဆိုးနေသော ကျွန်တော် ကို ပြန်ချော့သည့်သဘောပင်။ သူ၏ကြုံတောင့်ကြုံခဲလှသော ချော့မြူမှုကြောင့်ကျေနပ်ရပြန်သည်။ စိတ် ဆိုးစိတ်ကောက်ကြလျှင် စိတ်အမြန်ပြေပြီး ချော့သူမှာ ကျွန်တော်ပဲဖြစ်ခဲ့ရသည်မဟုတ်ပါလား။ ဖုန်းကို ကြည့်လိုက်သည့်အခါတွင်လည်း မတ်ဆင်ဂျာတွင် ပုံတစ်ပုံပို့ထားသေးသည်။ “ချစ်တုန်းကတော့ရေစက် တဲ့ မချစ်တော့မှ ဝဋ်ကြွေးတဲ့လား” ဟူ၍။ ဖေ့စ်ဘုတ်တွင် အချင်းချင်းမျှဝေရေးသားထားသောစာကို Screen Shot ရိုက်၍ပို့လိုက်ခြင်းပင်။
“အိမ်ရောက်တော့မယ်၊ ကျွန်တော့ကို နောက်တစ်ခါ အဲဒီစကားမပြောပါနဲ့၊ တစ်သက်လုံးမပြောပါနဲ့ဗျာ၊ ကျွန်တော်အရမ်းခံစားရလို့ပါအစ်ကို”
“အင်းပါ နောက်မပြောတော့ပါဘူးကလေးရယ်”
သို့သော် ထိုကတိကို သူမတည်ခဲ့ပါ။ နောက်တစ်ခေါက်ပြောခဲ့သည့်အပြင် မိန်းမတစ်ယောက်နှင့်လက် ထပ်မည့်အဖြစ်အပျက်ကိုရောက်မှန်းမသိရောက်လာခဲ့ပါသည်။ ကျွန်တော့အိပ်မက်များပျက်သုဉ်းရသည့် အခိုက်အတန့်များကို ကံကြမ္မာက ရက်စက်စွာခေါ်ဆောင်လာခဲ့သည်ပင်။
>>>>>