“ညီ ဖန်တီးသော Love Story” အပိုင်း (၂၁)

(၂၁)

“ပီးချိုင်”

ပြန်ခါနီးရက်မတိုင်ခင် ထိုင်းဆိုင်လေးတွင်ညနေစာသွားစားကြသည့်အခါ သူတို့သားအမိအတွက်ကျွန် တော်တို့နှစ်ယောက်ဝယ်ထားသည့် အမှတ်တရလက်ဆောင်များကိုပေးဖြစ်သည်။ ထွေထွေထူးထူးမ ဟုတ်သော်လည်း သူတို့သဘောကျမည့် တံဆိပ်အင်္ကျီများပင်။ ကိုယ်တွေလည်းဘန်ကောက်ရောက်တိုင်း H&M ဝယ်ဝတ်သည့်အလေ့အထရှိသည်မို့ သူတို့အတွက်လည်း H&M တစ်ထည်စီဝယ်ပေးခြင်းပင်။

“ဟေး ပီးချိုင်၊ Where are you?”

အင်္ကျီထုတ်များကိုင်လျှက်သူတို့ဆိုင်ကိုရောက်သွားသည့်အခါတွင်တော့ သားအမိနှစ်ယောက် အပြုံးများ ဖြင့်ဆီးကြိုလို့နေလေသည်။ ကျွန်တော်က သူ့သားကိုခေါ်လိုက်သည့်အခါ မိခင်ဖြစ်သူက ငရုတ်သီး ထောင်းနေရင်းမှလှမ်းကြည့်သည်။

“ဟေး ဆဝါဒီခပ်၊ နိဟောင်”

“နိဟောင်”

လူနည်းနည်းရှင်းသည့်အချိန်ကိုတမင်ရွေးလာခဲ့ကြခြင်းပင်။

“ကျွန်တော်တို့မနက်ဖြန်ပြန်တော့မှာမို့လို့ လာနှုတ်ဆက်တာ”

ထိုင်းစကားကို Google Translate မှတစ်ဆင့် မှတ်လာကာ သူတို့ကိုနားလည်စေရန်ကြိုးစားပြောလိုက် သည့်အခါတွင်တော့ သူတို့မျက်နာညိုးကျသွားပါသည်။ မနက်ဖြန်ပြန်ရတော့မည်အကြောင်းကို သူတို့ ရာနှုန်းပြည့်နားလည်သဘောပေါက်ခဲ့ပြီ။

“အော်”

“အော်” ဟုသောအသံများ ကျွန်တော်ကြည့်ဖူးသည့်ထိုင်းဇာတ်ကားများထဲကအတိုင်း အသံရှည်အော အောကြီးကိုဆွဲပြောခြင်းဖြစ်သည်။

“ဒါငါတို့လက်ဆောင်ပေးတာ”

သူတို့က ညနေစာကိုအလကားကျွေးပါသည်။ ကျွန်တော်တို့ကိုခင်မင်သည့်အထိမ်းအမှတ်၊ လက်ဆောင် ပြန်ပေးသည့်အထိမ်းအမှတ်ဖြစ်သည်။ ကျွန်တော်တို့ပေးသည့်လက်ဆောင်ကို သူတို့အင်မတန်သဘော ကျပါသည်။

သူတို့က မာမားခေါက်ဆွဲကိုပင်လယ်စာနှင့်ကြော်ကျွေးသည်။ ကန်ဇွန်းရွက်ကြော်၊ သင်္ဘောသီးထောင်း၊ ကြက်ခြေတောက်စွပ်ပြုတ်၊ ဝက်ပင်စိမ်း အစရှိသည်ဖြင့် ကျွန်တော်ကြိုက်သောဟင်းများပင်။ အချိန် တစ်ပတ်မပြည့်ခင်အတွင်း ယခုလောက်မျှအထိခင်မင်သွားလိမ့်မည်ဟုမထင်ထားခဲ့။ အချင်းချင်း ကိုယ် ရေးကိုယ်တာကိစ္စများကိုတောင်မေးကြမြန်းကြသည်အထိရောက်ခဲ့ပြီ။ သူ့စကားကို ကိုယ်နားမလည် ကိုယ့်စကားကိုသူသဘောမပေါက်သော်လည်း အာရှသားအချင်းချင်းမို့ သိပ်တော့မခက်။ သူ့ဆိုလိုရင်း ကိုယ့်ဆိုလိုရင်းသဘောပေါက်မြန်ကာ Google translate ကိုလည်းအားကိုးရလေသည်။

ဆိုင်ရှင်အန်တီကြီးက အစ်ကိုနှင့်ကျွန်တော့ကိုတစ်ယောက်တစ်လှည့်စီ လက်ညိုးထိုးပြီး “ဖလန့်” (Friend ကိုဆိုလိုခြင်းပင်) ဟုမေးသည်။ သူငယ်ချင်းတွေလားပေါ့။ ကျွန်တော်ကမဟုတ်ကြောင်းရှင်းပြ သည်။ အစ်ကိုကတော့ ကျွန်တော်ပြောသမျှကိုလိုက်ကြည့်ကာ ရယ်ရန်စောင့်နေတော့သည်။

“မဖလန့်ဘူး၊ ငါတို့က ချစ်သူတွေ We are ခွန်းရခ် (Khn rak)” ဟုပြန်ဖြေလိုက်သည်။ ပြီးတော့ အစ်ကို့ ကိုလည်း ကျွန်တော်က ဖက်ကာနမ်းပြလိုက်သည်။ သားအမိနှစ်ယောက်လုံးသဘောအကျကြီးကျကာ ရယ်တော့သည်။

“ဒါပေမဲ့ သူက ပီးချိုင် (ဆိုင်ရှင်အန်တီကြီး၏သားကို ကျွန်တော်က ပီးချိုင်ဟုသာ ခေါ်တော့သည်) ကို  ကြိုက်တယ်တဲ့၊ သဘောတူလား”

အန်တီကြီးကခေါင်းညိတ်ပြသည်။ သဘောတူသည်ပေါ့။ သူတို့ကျွေးသည့်ညနေစာကိုတစ်ဝတစ်ပြဲစားပြီး လက်ဆောင်ပေးကာ နှစ်ယောက်သားနှုတ်ဆက်ပြီးပြန်ခဲ့ကြသည်။ အန်တီကြီးက မျက်ရည်များဝဲလျှက်။ ပီးချိုင်ကလည်း ကျွန်တော်တို့ကိုခင်မင်နေပြီဖြစ်သည်။ ထိုနေရာမှသည် တည်းခိုရာလမ်းတစ်လျှောက် တွင်ဈေးဝယ်ရန်ဆိုင်တန်းများရှိသည်မို့ အေးအေးလူလူလျှောက်ကာ ဈေးဝယ်ရန်ဟိုကြည့်ဒီကြည့်လုပ်မိ ကြသေးသည်။

“ဝယ်စရာတွေတော့မရှိပေမယ့် လျှောက်ကြည့်ရတာပျော်တယ်မှလား”

“သိပ်ပျော်တာပေါ့၊ အံမယ် ဟောင်ကောင်မှာ ဈေးဝယ်ရမယ့်နေရာတွေကို ကျွန်တော်တို့စာတမ်းပြုစုလို့ တောင်ရတယ်နော်၊ အခုဆိုတော်တော်သိပြီမဟုတ်လား၊ နောက် မြန်မာနိုင်ငံကနေ ဒီကိုလာမယ့်သူတွေ ရှိရင် ညွှန်းလို့ရတယ်”

“ကိုယ်က မှတ်တောင်မှတ်ထားပြီးသွားပြီ၊ ဟောင်ကောင်မှာဈေးဝယ်သင့်တဲ့ ၁၀ နေရာကို”

“တယ်ဟုတ်ပါလား၊ အစ်ကိုပြောကြည့်လေ”

တစ်ပတ်တာကာလအတွင်း ဟောင်ကောင်၏ဈေးဝယ်စရာအကောင်းဆုံး ၁၀ နေရာခန့်ကိုမှတ်တမ်းတင် နိုင်ခဲ့သည်။ နေ့လည်သင်တန်းပြီးချိန်သူကလာကြို၊ ထို့နောက်ဈေးတန်းလျှောက်ပတ်၊ ရထားစီး၊ ဈေး ဝယ်ထွက်ကြဖြင့် တော်တော်နှံ့စပ်ခဲ့ပြီမဟုတ်ပါလား။ ဟောင်ကောင်သည် အာရှ၏ Brand မြို့တော်၊ ဖက်ရှင်မြို့တော်ဖြစ်သကဲ့သို့ ကျဉ်းသော်လည်းလည်ပတ်စရာများသော ကျွန်းနိုင်ငံဖြစ်လေသည်။ တစ် နေရာနှင့်တစ်နေရာ သွားလာရလွယ်ကူခြင်းကသူ့အားသာချက်ဖြစ်၏။

ဟောင်ကောင်ထုတ်အဝတ်အထည်များ (ကျွန်တော်လက်ရှိလုပ်နေသည့် ကုမ္ပဏီကလည်းဟောင်ကောင် တံဆိတ်အဝတ်အထည်အချို့ကိုမြန်မာပြည်ကိုယ်စားလှယ်ယူရန် ဆောင်ရွက်နေပါသည်။)၊ နိုင်ငံတကာ တွင်နာမည်ကြီးသည့်တံဆိပ်အမျိုးမျိုးကို ဟောင်ကောင်တွင်တွေ့ရပါမည်။ ဟောင်ကောင်ကိုရောက်ပါက Bossini, Giordano, G2000, Baleno, Bess စသည့် ဟောင်ကောင်တံဆိပ်များကိုမဖြစ်မနေဝယ်သင့် သည်ဟုညွှန်းဆိုကြသည်လည်းရှိပါသည်။

“ပထမဆုံး ဟောင်ကောင်မှာဈေးဝယ်ထွက်ရင်တော့ Temple street ညဈေးကိုညွှန်းချင်တယ်၊ ပြီးရင်တော့ ဒုတိယက Granville Road ပေါ့၊ နောက်ပြီးတော့ အားကစားပစ္စည်းတွေရဲ့ ကောင်းကင်ဘုံ  လို့ညွှန်းကြတဲ့ Fa Yuen Street လေ”

အစ်ကိုက ကျွန်တော့ထက်ပိုပြီးစနစ်တကျ သေသပ်သူမို့ သူနှင့်ကျွန်တော် အတူတူသွားအတူတူလာ နေ ကျတွင်တောင်မှ သူကသာ၍ မှတ်သားနိုင်စွမ်းကို အသိအမှတ်ပြုမိပါသည်။ Temple Street ညဈေးမှာဟောင်ကောင်၏ အကြီးဆုံးညဈေးတစ်ခုထဲတွင်အပါအဝင်ဖြစ်ပြီး မရေတွက်နိုင်အောင်ဆိုင် ပေါင်းများစွာရှိလေသည်။ ဖျော်ဖြေရေးပွဲများ၊ ပင်လယ်စာဆိုင်များလည်း အစီအရီရှိပြီး တရုတ်ရိုးရာ လက်ဖက်ရည်ပန်းကန်ကဲ့သို့သော အမှတ်တရပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများ၊ တီရှပ်နှင့် တရုတ် ထည်များကိုဝယ်နိုင်သည့် ဈေးသက်သက်သာသာနှင့်လက်ဆောင်ပေးလိုသူများအတွက်သင့်တော်သော ညဈေးဖြစ်လေသည်။ ညနေ ၄ နာရီတွင်စတင်ဖွင့်လှစ်သည့် ထိုဈေးကို ဟောင်ကောင်ရောက်ပြီးသိပ်မ ကြာခင်တွင်လည်ခဲ့ကြပါသေးသည်။ Jordan MTR နှင့် Yau Ma Tel MTR ရထားဘူတာနှစ်ခုကြားတွင် ရှိသည်မို့ ရထားနှင့်ရော ကားနှင့်ပါသွားလာရလွယ်ကူပါသည်။

“တကယ်လို့ ဖက်ရှင်ကျကျအဝတ်အစားတွေ၊ ဖိနပ်တွေ၊ အိတ်တွေကိုဝယ်ချင်တယ်ဆိုရင် တော့ Granville Road ကို ပတ်သင့်တယ်။ ဒါဟာ street market မို့ လမ်းလျှောက်လို့ကောင်း၊ ဝယ်လို့ ကောင်းတဲ့နေရာပေါ့။ Bossini, Alena, Apex, Hang Ten, Millies Shoes, Union Shoes, Stock Mark, Vigo Fashion, Westwood, YOU YU Shoes, Mass Mass, and Sample Nook စတဲ့ တံဆိပ်တွေကို စျေးသက်သက်သာသာနဲ့ဝယ်လို့ရတဲ့နေရာပေါ၊ ဂရန်ဗေလီလမ်းမ (Granville Road)  Tsim Sha Tsui, Kowloo မှာရှိတယ်၊ ကိုယ်တို့မသွားခဲ့ကြဘူး၊ Fa Yuen Street ကတော့ ဟောင်ကောင်ရဲ့ လူငယ်တွေအားကစားဖိနပ် လာဝယ်ကြတဲ့နေရာပေါ့။ အဲဒီမှာ Brand ပေါင်းစုံရှိပြီး စျေးအပေါဆုံးကနေ စျေးအကြီးဆုံးအထိဝယ် တယ်။ Converse, Nike, Adidas, Puma, Reebok, K-Swiss, Merrell နဲ့ New Balance တံဆိပ်တွေအကြိုက်ဆုံးပေါ့၊  အားကစားဖိနပ်တင်လားဆိုတော့ မဟုတ်ဘူး၊ အာရှရဲ့ဖက်ရှင်စ တိုင် ခါးပတ်၊ လက်ကိုင်အိတ်၊ အခြား accessories တွေလည်းရတယ်၊ စျေးတွေကလည်း မဆိုးလှ ပါဘူး။ နေ့စဉ် မနက် ၁၀ နာရီခွဲကနေ ည ၁၀ နာရီခွဲအထိဖွင့်တဲ့ အဲဒီစျေးဟာ Fa Yuen Street, Mong Kok, Kowloon မှာရှိတာမို့ ရထားရော ကားရော ဘာနဲ့ပဲသွားသွားအဆင်ပြေ တယ်”

“တယ်ဟုတ်ပါလား”

သူက နေရာအပြင် ဝယ်ယူရရှိနိုင်သည့် Brand များကိုပါရွတ်ပြသည်မို့ မချီးကျုးဘဲမနေနိုင်တော့။ နှစ် ယောက်သားမရောက်ဖြစ်သည့်နေရာများလည်းရှိသလို ရောက်ဖြစ်ခဲ့သည်နေရာလည်းများပါသည်။

“နံပါတ် (၄) က ကြောင်လမ်း (Cat Street)၊  Upper Lascar Row လို့လည်းခေါ်တယ်။ အဲဒီလမ်း ကတော့ ရှေးဟောင်းပစ္စည်းတွေအများဆုံးရောင်းတဲ့နေရာပေါ့၊ Cat Street နဲ့ Hollywood လမ်းဟာ ဟောင်ကောင်ကိုလာတဲ့ခရီးသွားတိုင်အလာများဆုံးနေရာထဲမှာပါဝင်တယ်လို့ဆိုပါတယ်၊ ဒါပေမဲ့ ညီနဲ့ အစ်ကိုနဲ့မရောက်ခဲ့ဘူး၊ အဲဒီဈေးက လက်မှုပညာ ပစ္စည်းတွေကို စျေးပေါပေါနဲ့ရနိုင်တဲ့နေရာပေါ့၊ ရေနွေးကရားတို့ သစ်သားနဲ့လုပ်ထားတဲ့ ပစ္စည်းတို့ပေါ့၊ ဒါ့အပြင်ဟောင်ကောင်အမှတ်တရလက်ဆောင် ပစ္စည်းတွေကိုလည်းစျေးသက်သက်သာသာနဲ့ဝယ်နိုင်တယ်။ နေ့စဉ် နံနက် ၁၁ နာရီကနေ ညနေ ၆ နာရီအထိဖွင့်တယ်၊ နေရာလား၊ Upper Lascar Roadm Sheung Wan, ဟောင်ကောင်ကျွန်းမှာပါ”

“ဟော ကဲ”

ထို့နောက် နံပါတ် (၅) အဖြစ် ဟောင်ကောင်ဂိမ်းစက်များ၊ ဂိမ်းနှင်ပတ်သက်သောပစ္စည်းများကိုဝယ် နိုင်သည့် Golden Computer arcade and Golden Computer Center၊ နံပါတ် (၆) အဖြစ် အစ်ကိုသ ဘောကျသည့် အီလက်ထရောနစ်ပစ္စည်းများပေါချောင်ကောင်းရနိုင်သည့်နေရာ Apliu Street Fiea ဈေး ကိုညွှန်းပါသည်။ ထိုဈေးမှာ မိုဘိုင်းဖုန်းတစ်ပတ်ရစ်ပစ္စည်းများ၊ တက်ဘလက်များ၊ ဓါတ်ပုံအတိုအထွာ ပစ္စည်းများကို ဈေးဆစ်ဝယ်၍ရလေသည်။

“နံပါတ် (၇) ကတော့ ကျွန်တော်ပြောကြည့်မယ်”

“ပြော ကြည့်”

“ကျွန်တော်တို့ရောက်ခဲ့တဲ့နေရာ Ladies Market ပေါ့ဗျ၊ Ladies Street လို့လည်းခေါ်ကြတယ်၊ မိန်းကလေးတွေအတွက်ချည်းလို့မထင်လိုက်ပါနဲ့၊ ဟဲဟဲ၊ ကလေး၊ လူကြီး၊ ကျား၊ မ အစုံရှိပါတယ်၊ Branded ယူမလား ပေါချောင်ကောင်းယူမလား အကုန်ရပါတယ်၊ မုန့် တွေဝယ်စားလို့ကောင်းတဲ့ စျေးလည်းဖြစ်ပါတယ်၊ ကျွန်တော်နဲ့အစ်ကိုနဲ့ Bossini တွေစျေးလျှော့နေတာကိုရခဲ့တယ်၊ အလယ်တည့် တည့်လောက်မှာ လမ်း အရှည်ကြီးရှိတယ်၊ အဲဒီလမ်းကိုလျှောက်လို့အကောင်းဆုံးပဲဗျို့၊ လက်ဆောင် ပစ္စည်းအတိုအ ထွာလေးတွေ စျေးဆစ်ပြီးဝယ်လို့ရတယ်၊ အင်္ကျီပေါပေါတွေဝယ်ချင်ရင်အဲဒီမှာရပါတယ်၊ ဟောင်ကောင်အမှတ်တရတံဆိပ်အင်္ကျီတွေဆို ဟောင်ကောင်ဒေါ်လာ ၁၀၀ ဖိုး (မြန်မာငွေတစ်သောင်း ရှစ်ထောင်) လောက်ကို ခြောက်ထည်ရပါတယ်၊ ညနေစောင်းလောက်ကနေ ညဖက်အထိဖွင့်ပါတယ်။ Kowloon မှာရှိပြီး Tung Choi Street မှာပါ၊ Mong Kok station မှာဆင်း E2 ကိုဆင်းပါ”

သူက သဘောကျစွာ ကျွန်တော့ခေါင်းကိုခပ်ဆဆလေးပွတ်ပါသည်။ ပြုံးရယ်လျှက်။

“နံပါတ် (၈) ကတော့ China Hong Kong City ကိုရွေးထားတယ်၊ Outlet ထည်တွေကိုစျေးသက် သက်သာသာနဲ့ရချင်ရင် တော့ ဒီနေရာကိုသွားရမှာပါ၊ အဲဒီမှာ Esprit, G2000, Miss Sixty, Tonino Lamborghini, LaFuma အစရှိတဲ့တံဆိပ်တွေရတယ်လေ၊ အဝတ်အစား တင်ပဲလားဆိုတော့ မဟုတ် ဘူး၊ လက်ကိုင်အိတ်၊ ခရီးဆောင်အိတ်၊ အလှအပရေးရာပစ္စည်း၊ လက်ဝတ်ရတနာ အစုံအလင်ရတယ် လေ၊ နံနက် ၁၀ နာရီကနေည ၇ နာရီအထိဖွင့်တယ်၊ Tsim Sha Tsui station (exit A1) မှာဆင်းရမှာဖြစ်ပြီး 33 Canton Road, Tsim Sha Tsui, Kowloon မှာရှိပါတယ်။ ဟောင်ကောင်ရဲ့ လက်ကားလမ်းဘေးစျေးဆိုရင်မမှားတဲ့ Cheung Sha Wan Road ကို နံပါတ် (၉) နေရာ ညွှန်းချင်တယ်၊ အရည်အသွေးကောင်းကောင်း၊ စျေးပေါ ပေါရနိုင်တဲ့နေရာတွေထဲကတစ်ခုပေါ့၊ အစားအသောက်ကောင်း တွေလည်းအဲဒီမှာရှိတယ်လေ၊ Sham Shui Po station, C1 မှာဆင်းရပြီး Cheung Sha Wan Road, Sham Shui Po မှာရှိတဲ့ အဲဒီစျေးဟာ အဝတ်အစား၊ accessories, ခါးပတ်၊ လက်ကိုင်အိတ်၊ နာရီ နဲ့အခြားအသုံးအဆောင် ပစ္စည်းအမျိုးမျိုးရတယ်။ နံနက် ၁၀ နာရီကနေ ညနေ ခြောက်နာရီလောက် အထိဖွင့်ပြီး တနင်္ဂနွေဆို ရင်တော့ ညနေ ၄ နာရီမှာ ပိတ်ပါတယ်..ကဲ မောသွားပြီ”

အမှတ်တရပစ္စည်းရောင်းနေသည့် စတိုးဆိုင်တစ်ဆိုင်တွင်လူကျိတ်ကျိတ်တိုးတန်းစီနေသည်မို့ နှစ် ယောက်သာငေးကာဆိုင်ထဲဝင်ရန်ဆုံးဖြတ်ခဲ့သည်။ လက်ကိုင်အိတ်များ၊ တီရှပ်များကို ဈေးသက်သက် သာသာနှင့်ရောင်းချနေခြင်းဖြစ်သည်။ ဟောင်ကောင်တွင်ဈေးသက်သာခြင်းသည် ဘန်ကောက်တွင်ဈေး ကြီးသည်လောက်ဖြစ်နေသည်မို့ များသောအားဖြင့် Brand များကိုဝယ်မှ ပိုတန်လေသည်။

“နံပါတ် (၁၀) က ဒီဆိုင်မဟုတ်တာသေချာတယ်”

“အစ်ကိုသတ်မှတ်ထားတဲ့ နံပါတ် (၁၀) နေရာကတော့ အွန်လိုင်းမှာရေးထားတာကတော့ ဘန်ကောက် က ပလက်တီနမ်မောလ်နဲ့နှိုင်းယှဉ်ပြီးပြောကြတဲ့နေရာပေါ့၊ ဆိုတော့ ပစ္စည်းအစုံအလင်ရနိုင်တဲ့နေရာ၊ စျေးဝယ်လို့ ကောင်းတဲ့နေရာပေါ့လေ၊ အရည်အသွေးမြင့် ဟောင်ကောင်အဝတ်အစားတွေလည်း ရနိုင်တယ်၊ Castle Peak Road, Lai Chi Kok မှာရှိပြီး Lai Chi Kok ဘူတာ C အပေါက်က နေဆင်းရတယ်တဲ့၊ နေ့လည် ၁၁ နာရီကနေ ည ၈ နာရီအထိဖွင့်တယ်”

“အစ်ကို အဲဒီလိပ်စာကအစ မှတ်ထားတာလား”

“အင်းလေ၊ ညီသင်တန်းတက်နေတဲ့အချိန်မှာ ကိုယ်ကလုပ်စရာမှမရှိတာ ဒီတော့ ဒီနေရာတွေပဲလိုက် ဖတ်ပြီး ရှာမှတ်နေတော့တာပေါ့၊ ဒါတောင် လည်စရာပတ်စရာနေရာတွေ အခြားဈေးဝယ်စရာနေရာတွေ အများကြီးရှိသေးတာနော်”

“အရှုံးပေးပါတယ်၊ ဒါပေမဲ့ ဟောင်ကောင်ရောက်ရင် မဖြစ်မနေသွားသင့်တဲ့နေရာအကြီးကြီးတစ်ခုရှိနေ တယ်၊ ဈေးဝယ်ထွက်ရင် အဲဒီနေရာကိုတော့ရှောင်လို့မရဘူး ဟုတ်တယ်ဟုတ်”

“Fashion Walk”

Branded များပေါင်းစုံသည့်နေရာ။ ကမ္ဘာကျော်တံဆိပ်ပေါင်းစုံ၊ ဟောင်ကောင်တံဆိပ်ပေါင်းစုံရနိုင်သည့် နေရာဖြစ်သည့်အပြင် ကျွန်တော်တို့နှစ်ယောက်၏ အမှတ်တရရှိသည့်နေရာ။ ဘယ်သောအခါမျှမေ့မရ သော ရင်ဘတ်ထဲကနေရာလည်းဖြစ်လေသည်။

ဘဝတွင်ကြုံဖူးသော အကြီးဆုံးအမှတ်တရတစ်ခုကို ထိုနေရာ၌ဖန်တီးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့နှစ်ဦး ၏ ချစ်သူသက်တမ်းတွင် အပျော်ရွှင်ရဆုံးအခိုက်အတန့်က ဟောင်ကောင်တွင်ရှိနေခဲ့သောရက်စွဲများ လည်းဖြစ်ခဲ့လေသည်။ ထိန်းချုပ်ခြင်းမရှိသော အစ်ကို၏ချစ်ခြင်းများ၊ မေတ္တာများ၊ ကျွန်တော့အပေါ် ထားရှိသည့် သံယောဇဉ်များကို ဟောင်ကောင်ရောက်နေ့စွဲများတွင်လက်ဝယ်ပိုင်ဆိုင်ရရှိခဲ့သည်မှာ တန် ဖိုးမဖြတ်နိုင်တော့ပေ။

“ကျေးဇူးတင်ပါတယ် အစ်ကို”

ဆိုင်ထဲက ထွက်လာပြီးသည့်နောက်တွင် ကျွန်တော်တို့နှစ်ဦး၏လက်ထဲ တီရှပ်အချို့ပါလာလေသည်။ လမ်းတစ်နေရာတွင် မတ်တပ်ရပ်လိုက်ရင် ကျွန်တော်က အစ်ကို့ကိုကျေးဇူးတင်စကားဆိုလိုက်ပါသည်။ လှိုက်လှိုက်လှဲလှဲရယ်ပါ။

“ဘာအတွက်လဲ ညီ”

“ကျွန်တော့ကိုချစ်ပေးတဲ့အတွက်၊ ဘယ်တော့မှ မမေ့နိုင်တဲ့အမှတ်တရတွေကို ဒီခရီးစဉ်မှာဖန်တီးပေးခဲ့ တဲ့အတွက်ပါ”

“ကိုယ်တမင်လုပ်ယူဖန်တီးတာမဟုတ်ဘဲ ရင်ထဲကအတိုင်းရှိနေတာမို့ ကျေးဇူးတင်စရာမလိုဘူးလေ”

ကျွန်တော် သူ့နှုတ်ခမ်းများကို ခုံမင်စွာနမ်းရှိုက်လိုက်ပါသည်။ ဟောင်ကောင်တစ်နိုင်ငံလုံးလာရောက် ကြည့်နေစေဦးတော့။ ဂရုမစိုက်ပါ။ နောင်တရစရာလည်းမရှိပါ။ စဉ်းစားတိုင်းနောင်တရစရာမကောင်း ဘူးဆိုသည့်အချက်ကို ပို၍ပို၍ခိုင်မာစေခဲ့သည်။ ရန်ကုန်ရောက်သည့်အချိန်များတွင်ပေါ့။ ကျွန်တော်တို့ နှစ်ဦးကွဲကွာရန်ဖန်တီးခဲ့သည်မှာ ရန်ကုန်မြို့ရှိအခိုက်အတန့်ဖြစ်လေသည်။

>>>>>