(၁၀)
ရုံးအဆင်းတွင် ကောင်မလေးတစ်ယောက်နှင့် တစ်ပူးတစ်တွဲတွဲမြင်လိုက်သည်နှင့် ကျွန်တော့ရင်ထိတ်ခ နဲဖြစ်ကာ သွေးများဆူပွက်လာလေတော့သည်။ သဝန်တိုခြင်းပင်။ ထိုသဝန်တိုခြင်းကို ကျွန်တော်ထားဖူး သမျှရည်းစားများကြားထဲတွင် မှတ်မှတ်ရရရှိလောက်အောင်မဖြစ်ခဲ့။ ယခုတစ်ကြိမ်တွင်တော့ အဆိုးရွား ဆုံးအခိုက်အတန့်တစ်ခုဖြစ်ပါလိမ့်မည်။ တစ်ခုခုမကျေနပ်လျှင် ချက်ချင်းဖြေရှင်းတတ်သည့် ဝသီအတိုင်း စောင့်ကြည့်ပြီး တစ်ခါတည်းမေးရန် ကားကို သူတို့နောက်မှ မသိမသာကပ်လိုက်ခဲ့သည်။
သူက ကောင်မလေးထံမှ ထမင်းဘူးခွံကိုယူသည်။ ထို့နောက် တစ်စုံတစ်ခုပြောသည်။ ကောင်မလေးက တော့ ညုတုတုပုံစံဖြင့် သူ့လက်မောင်းကိုဆွဲခိုလိုက်ကာလမ်းအတူလျှောက်ပြန်သည်။ သူက ရယ်ပြုံးပြုံး ဖြင့် ကောင်မလေးကိုကြည့်ကာစကားပြောလိုက်သည်။ ရုံးဆင်းချိန် လူအများဉဒဟိုဖြတ်သွားနေသည့် အချိန်တွင် သူတို့နှစ်ယောက်ကိုမြင်သူတိုင်း သမီးရည်းစားစုံတွဲဟုမထင်သူရှိပါ့မလား။ သူတို့ပုံစံက ချစ်သူ နှစ်ဦးကြည်နူးနေပုံနှင့်တူလှသည်။
“တောက်”
ကားစတီယာရင်ကိုကိုင်ရင်း တောက်တစ်ချက်ခတ်လိုက်မိသည်။ အသားညိုညိုခပ်ဝဝ တောင့်တောင့် ထည်ထည်ခန္ဓာကိုယ်ပိုင်ရှင်ထိုမိန်းကလေး၏ ဆတ်ကော့လတ်ကော့အပြုအမူမှာ ကျွန်တော့ကိုစိတ်ဆိုး စိတ်တိုစရာဖြစ်နေသည်။ သူနှင့် ထိုအမျိုးသမီးငယ် မည်သို့မည်ပုံပတ်သက်လေသနည်း။
ထိုမိန်းကလေးနှင့် အပေးအယူတည့်နေသည့်အစ်ကို့ပုံစံကလည်း သဘောကျနှစ်ခြိုက်နေပုံပင်။ ကျွန် တော်လာမည်မှန်းအစ်ကို့ကိုကြိုမပြော ဖုန်းမဆက်ထားခဲ့။ မေ နှင့်တွေ့ဆုံပေးရန် သူအားမည့်တစ်ရက် ကို လာမေးသည့်အခြေအနေတွင် ယခုကဲ့သို့သောမြင်ကွင်းတွေ့လိုက်ရသည့်အခိုက် စိတ်အာရုံအလုံးစုံ သည် သွေးကြောများထောင်းထောင်းထကာ ဆူပွက်နေခဲ့သည်ပင်။
သူတို့ကျီဇယ်ကလူပြုနေသည့် လမ်းမတစ်လျှောက်အနောက်ဖက်မှနေကာ ကားဟွန်းခပ်ဆဆတီးပြ လိုက်သည်။ မခံစားနိုင်တော့။ ဟွန်းသံကိုသူတို့မကြားပါ။ မြို့ထဲတစ်ဝိုက်မို့ ဟွန်းသံကင်းမဲ့ဇုန်နေရာမို့ ဆင်ခြင်ရမည်ဆိုသည့်အသိလည်းမရှိနိုင်တော့။ သူတို့ကြားနိုင်အောင် ထပ်ခါ ထပ်ခါတီးလိုက်တော့မှ သူ အနောက်ကိုလှည့်ကြည့်သည်။
ဗိုလ်တစ်ထောင်နားပတ်ဝန်းကျင်ဆီက ကျွန်တော်မောင်းနှင်နေသောကားလမ်းမတစ်လျှောက်တွင် ဒေါ သအပူမီးများစီးဆင်းလျှက်ရှိနေသည်။ ထိုအပူမီးများသည် လမ်းလျှောက်နေသောသူတို့နှစ်ယောက်ထံမှ မြစ်ဖျားခံလာခြင်းဖြစ်ကာ အနီးတစ်ဝိုက်ရှိ ရန်ကုန်မြစ်ထဲသို့စီးဆင်းပါကလည်း နစ်မျောပျော်ဝင်မသွား နိုင်ဘဲရှိပုံရသည်။
ကျွန်တော့ကားကိုမြင်သည့်အခါ သူမျက်လုံးမှေးမှေးများပြူးကျယ်သွားသည်ကိုတော့ မြင်ဖြစ်အောင်မြင် လိုက်ပါသည်။ ထို့နောက် သူ အမျိုးသမီးငယ်ကိုနှုတ်ဆက်ပြီး ကားရပ်ထားရာရှိရာသို့လျှောက်လာနေ လေသည်။ အမျိုးသမီးငယ်က သူ့ကိုတစ်နေရာဆီခေါ်ဆောင်သွားချင်ပုံရသည်။ ဆိုင်တစ်ဆိုင် သို့မဟုတ် အတူပြန်မည့်ကားမှတ်တိုင်တစ်နေရာပေါ့။ သူက မလိုက်နိုင်တော့ကြောင်းငြင်းသည့်အခါ မျက်နှာအ နည်းငယ်မဲ့လျှက် သူ့ကိုလက်ညိုးထိုးကာ နောက်တစ်ခေါက်တော့လိုက်ရမယ် ဟူသည့်ပုံစံတစ်ခုခုပြော နေသည်ကိုလည်းမြင်လိုက်ရသည်။
“ဘာလို့ အဲလောက်ဟွန်းတီးနေတာလဲ၊ ရှေ့မှာလည်းဘာကားမှမရှိဘူး၊ လူတွေလည်းဝိုင်းကြည့်နေပြီ နင်မရှက်ဘူးလား”
သူစိတ်တိုနေပုံရသည်။ ကျွန်တော်က သူ့ထက်အဆပေါင်းများစွာစိတ်တိုနေမှန်း မျက်နှာကြည့်ရုံဖြင့်သိပါ လိမ့်မည်။
“အေး ကျုပ်မရှက်ဘူး၊ ခင်ဗျားကြီးကြောင့် ကျုပ်အရှက်တွေကင်းမဲ့နေပြီ”
“ဘာဖြစ်နေတာလဲ”
“ကားပေါ်သာတက်ခဲ့”
သူကားပေါ်တက်လာသည်။ ထုံးစံအတိုင်းမျက်နှာကစူပုပ်ပုပ်နှင့်။
ကျွန်တော် ကားကို ဗိုလ်တစ်ထောင်ကမ်းနားဆီမောင်းလိုက်သည်။ အရင်တုန်းကဆိုပါလျှင် ရန်ကုန်မြစ် ဆီမှတိုက်ခတ်လာသည့်လေပြင်းများကိုရှုရှိုက်ချင်၍ သူငယ်ချင်းအဖွဲ့လိုက်သော်လည်းကောင်း၊ ချစ်သူ ရည်းစားသော်လည်းကောင်း တကူးတကလာကြသော ဗိုလ်တစ်ထောင်ကမ်းနားသည် ယခုတော့ အနံ့ အသက်သိပ်မကောင်းတော့ပြီ။ ထိုအနံ့အသက်များသည် ကျွန်တော့ဒေါသတွင်ပျောက်ကွယ်ကုန်တော့ ၏။ လူရှင်းသောတစ်နေရာတွင် ကားကိုရပ်လိုက်၏။
“အဲဒါဘယ်သူလဲ ဘယ်ကလဲ ကျုပ်ကိုပြော”
“နင် နဲ့ဘာဆိုင်လို့လဲ”
“ဆိုင်တယ်ဗျ ကျွန်တော် ခင်ဗျားကိုကြိုက်နေတာလေ”
ပုံမှန်ဆိုပါလျှင် ကြည်နူးစရာကောင်းသောစကားဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျွန်တော့အပြော ကြောင့် သူစိတ်ပိုတိုသွားကာ ကားပေါ်မှဆင်းလိုက်လေသည်။ သူ့ကျောပိုးအိတ်ရော အမျိုးသမီးငယ်ပေး ခဲ့သည့် ထမင်းဘူးခွံကိုပါ တစ်ပါတည်းယူပုံထောက်တော့ တစ်ခါတည်းလှည့်ပြန်မည့်ပုံရသည်။
“ကျွန်တော်မေးတာဖြေ အဲကောင်မကဘယ်သူလဲ လို့”
သူလည်း သူနှင့်ဘာမျှမပတ်သက်သောလူတစ်ယောက်က ယခုကဲ့သို့ပိုင်စိုးပိုင်နင်းမေးနေသည်ကို မကျေ နပ်၍ ဒေါသထွက်နေပုံရသော်လည်း ကျွန်တော့ပူလောင်မှုက သူ့ထက်ပိုသည်မို့ အားမတန်မာန်လျှော့ ထားပုံရသည်။ ကျွန်တော့မေးသည့်အသံက ပိုပိုကျယ်လာသည်မို့ သူရှက်ပုံရသည်။
“အဲဒါ ငါ့ရုံးက”
“ဘယ်လိုပတ်သက်လဲ”
“ရုံးကပါလို့ပြောနေတာ ဘယ်လိုပတ်သက်ရမှာလဲ”
“ဘယ်လောက်ထိရင်နှီးတာလဲ”
“ငါ့ကိုကြိုက်နေတာဟေ့ ရှင်းပြီလား၊ သုံးလေးနှစ်ရှိပြီ လိုက်နေတာ၊ ကိုကြီးကိုကြီးဆိုပြီး နေ့တိုင်း ဟင်း တွေယူလာကျွေးတယ်၊ မုန့်တွေယူလာကျွေးတယ်၊ ဟုတ်ပြီလား”
“တောက် ခင်ဗျားကိုယ်၌က မနေတတ်မထိုင်တတ်တာ”
“အေး ငါမနေတတ်မထိုင်တတ်ဘူး၊ အဲဒါကြောင့်မို့ အခုလို ဘာမှမဆိုင်တဲ့လူတစ်ယောက်ဆီမှာအစော် ကားခံ အမေးအမြန်းခံနေတာပေါ့၊ ငါကိုဘာလို့အဲလောက်ထိ စစ်လားဆေးလားလုပ်နေစရာလိုလို့လဲ၊ နင် ကရော ဘယ်လောက်ထိ ငါ့ကိုချုပ်ကိုင်လွှမ်းမိုးချင်တာလဲ”
သူ စကားပြောရင်းဒေါသထွက်လာပုံရသည်။
ထို့ကြောင့် ထမင်းဘူးခွံကို လမ်းပေါ်ပစ်ပေါက်လိုက်တော့၏။ ခွပ်ခနဲအသံနှင့်အတူ ပလတ်စတစ်ဘူးခွံ သည် လမ်းမပေါ်တွင် နှစ်ခြမ်းကွဲသွားခဲ့သည်။ အဖုံးကတစ်ခြား၊ ဘူးခန္ဓာကိုယ်ကတစ်ခြား။ အတွင်းသား များကွဲအက်ကြေမွကောင်းကြေမွလိမ့်မည်။ အရှက်အကြောက်ကြီးသောသူက ယခုလိုပြုမူသည့်အခါ အတိုင်းအတာတစ်ခုထက်ပို၍ဒေါသကြီးနေပြီဆိုတာပိုသေချာသွား၏။
“ခင်ဗျားက ကျွန်တော်လိုက်နေတဲ့ အရင်းနှီးဆုံးဖြစ်လာမယ့်သူလေ”
“သောက်ပိုတွေလာပြောမနေနဲ့”
“ကျွတ်”
ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်မိသည်။ နှစ်ယောက်သား၏ လေသံက ပုံမှန်ထက်ကျယ်နေကြသည်မို့ တစ်ချို့တစ်လေကွက်ကြည့်ကွက်ကြည့်ပြုလုပ်သွားသည်ကို သူရောကျွန်တော်ပါသတိပြုမိလာသည်။
“အဲဒီအမျိုးသမီးနဲ့တွေ့လိုက်ရတော့ အံအားသင့်သွားတယ်၊ ပုံမှန်ထက်ပိုတဲ့အပြုအမူတွေက ကျွန်တော့ ရင်ကိုပူလောင်စေတယ်၊ ရှင်းရှင်းပြောရရင် ကျွန်တော်သဝန်တိုတယ်ဗျာ၊ အဲဒီမြင်ကွင်းမျိုးနောက်ထပ် မြင်ချင်တော့ဘူး၊ အထူးသဖြင့် ကျွန်တော်ရောက်လာတဲ့အချိန်တွေမှာ လုံးဝမမြင်ချင်ဘူးဗျာ”
“မင်းက ဘာကောင်မို့လို့လဲ ငါကြိုက်သလိုလုပ်မယ် ဘာဖြစ်သေးလဲ”
“ကျွန်တော်ဒေါသထွက်အောင်မလုပ်နဲ့နော်၊ ခင်ဗျားကို ဖက်နမ်းပစ်မှာ”
“သေလိုက်”
သူပစ်ပေါက်လိုက်သည့် ထမင်းဘူးကိုပြန်ကောက်ကာ ကျွန်တော်ရှိရာနှင့်ဆန့်ကျင်ဘက်ဆီကို ကော့ပဲ့ ကော့ပဲ့လျှောက်သွားလေသည်။ စိတ်ဆိုးဒေါသထွက်နေသည့် သူ့ပုံစံမှာကလေးလေးတစ်ယောက်နှင့်ပင် သာ၍တူနေတော့သည်။ ထိုမြင်ကွင်းကြောင့် ကျွန်တော့ဒေါသများပြေလျော့သွားသလိုတောင်ခံစားလိုက် ရ၏။
“ဒါက ဘယ်လဲ”
သူမဖြေ။ ဆက်လျှောက်မြဲပင်။ သူ့နောက်ကို မီအောင်လိုက်သွားလိုက်သည်။
“ကျွန်တော် မေးနေတယ်လေ၊ ဘယ်သွားမလို့လဲ”
“အိမ်ပြန်မလို့ ဆက်လိုက်မလာနဲ့ ပြန်တော့”
ကျွန်တော်တို့၏အဖြစ်က စိတ်ကောက်နေသောချစ်သူကိုလိုက်ချော့နေရသည့် သမီးရည်းစားစုံတွဲနှင့် ပင် တူနေသေးသည်။ သူက ရှေ့ကနေ ဆောင့်ဆောင့်အောင့်အောင့်သွားလိုက် ကျွန်တော်က အနောက်ကနေ ထပ်ကြပ်မကွာလိုက်လိုက်နှင့်။
“ကျွန်တော်လိုက်ပို့မယ် ကားပေါ်လိုက်တက်၊ ဆက်လျှောက်နေရင် လာဖက်နမ်းမှာနော်၊ မလုပ်ရဲဘူးမ ထင်နဲ့”
ထိုတစ်ကြိမ်တွင်တော့ သူနောက်လှည့်ကြည့်ပါသည်။ ကျွန်တော့ကိုစိတ်ပျက်လက်ပျက်ပုံစံဖြင်ကြည့်ကာ ကားရှိရာဆီသို့လျှောက်တော့သည်။ တစ်ချက်ပြုံးလိုက်ကာ ရင်ဘတ်ကိုလက်နှင့်သပ်လိုက်တော့သည်။ တော်ပါသေးရဲ့။ သူကားထဲသို့ဝင်၍ရစေရန် ကားသော့ကို ခပ်လှမ်းလှမ်းမှဖွင့်ပေးလိုက်ပြီး သူနှင့်မဆိုင်း မတွပင် ကားမောင်းသူနေရာသို့ဝင်ထိုင်လိုက်ကာစက်နှိုးလိုက်ပါသည်။ သူကတော့ မျက်နှာစူပုပ်ပုပ်နှင့် ကျွန်တော့ဘေးတွင်ထိုင်နေလေ၏။
“ဆောရီး၊ ကျွန်တော် ဒေါသကိုမထိန်းနိုင်ဘူးဖြစ်သွားတယ်”
သူ ဘာမျှမတုန့်ပြန်။
“ကျွန်တော်ပြောနေတယ် ဆောရီးလို့”
ခပ်ကျယ်ကျယ်ပြောလိုက်ပြန်တော့ သူမျက်စောင်းလှမ်းထိုးပါသည်။
“ကျွန်တော် အစ်ကိုနဲ့ပတ်သက်ရင် ဒီလောက်ထိ ထိလွယ်ခိုက်လွယ်သလဲ ကိုယ့်ကိုကိုယ်လည်း မသိ တော့ပါဘူးဗျာ၊ သေချာတာတစ်ခုကတော့ အစ်ကို့အပေါ်ထားတဲ့ သံယောဇဉ်ဟာခဏတာ မဟုတ်မှန်း အတပ်ပြောနိုင်ပါတယ်၊ အခုပြသနာဖြစ်ရတာ အစ်ကို့ကိုကျွန်တော် ဒီလိုတွေပြောနေရတာတွေက ဘာကြောင့်လဲ အစ်ကိုသိပါတယ်၊ တစ်ချို့တွေက အရှက်မရှိဘူး၊ ကာမပိုင်ရှိတာပဲဖြစ်ဖြစ် ချစ်သူရည်းစား ရှိတာပဲဖြစ်ဖြစ်စည်းထားကြတာမရှိဘူး၊ သောက်ရှက်ကိုနည်းနည်းလေးမှရှိတာမဟုတ်ဘူး၊ ပေါ်တင်ကြီး စနိုက်ကြော်ချင်ကြတာဗျ”
“ပိုင်စိုးပိုင်နင်းတွေပြောတာ နင်မတော်သေးဘူးလား”
ဗိုလ်တစ်ထောင်ကမ်းနားတစ်ဝိုက်က အမှောင်ထုလွှမ်းလာခဲ့ပြီဖြစ်သည်။ သူ့ကိုသဝန်တိုဇောများကို လျှော့ချလိုက်သည့်အခါ ပင်ပန်းလာသည်။
“ကောင်းပြီလေ ကျွန်တော်လိုက်ပို့မယ်နော်”
သူ့အိမ်ရှိရာဆီသို့ကားကိုဦးတည်လိုက်၏။ သူ့အိမ်ကိုရော သူ့အလုပ်ကိုပါသိထားပြီးနှင့်သည်မို့ ကြိုက် သည့်အချိန် ကြိုက်သလိုဝင်ထွက်အငိုက်ဖမ်းနိုင်သည်လေ။ တစ်လမ်းလုံးစကားတစ်ခွန်းမှမပြောသည့် သူ့ကို ကျွန်တော်ကစ၍စကားပြောချင်လာသော်လည်း သူနှင့်စကားထပ်များရမည်ကိုကြောက်၍မပြော ရဲတော့ပါ။
သူတို့အိမ်နားအထိရောက်ခါနီးမှ သူ့စကားသံများတရစပ်ထွက်လာခဲ့လေသည်။
“ငါ့ဟာငါ ဒီအတိုင်းနေနေတာ ဘယ်သူနဲ့မှလည်းဘာမှမလုပ်ဘူး၊ ရထားတဲ့ ဒဏ်ရာတွေကမကျက်သေး တော့ ကိုယ့်ကိုကိုယ်တောင်မနည်းရုန်းကန်ထူထောင်နေရတဲ့ကာလ၊ ဘာအနှောက်အယှက်မှလည်းမယူ ချင်သလို ဘယ်သူ့ကိုမှလည်းကိုယ့်ကြောင့်စိတ်အနှောက်အယှက်ပေးချင်တာမဟုတ်ဘူး၊ နင်ဒီနေ့လုပ်ရပ် တွေက…”
ကျွန်တော်ကားကိုရုတ်တရက်ဆောင့်ရပ်လိုက်သည်။
ထို့နောက်….
သူ တရစပ်ပြောနေသောစကားများကိုတားဆီးလိုက်ပါသည်။ ကျွန်တော့ချိန်မြိန်သောအနမ်းတစ်ပွင့် နှင့် တားဆီးလိုက်ခြင်းပင်။ ပထမတစ်ကြိမ်ကလို သူ့ပါးပြင်နုနုပေါ်ခြွေခြင်းမဟုတ်။ သူ့နှုတ်ခမ်းခပ်ထော် ထော်ဆီသို့။
>>>>>