ရန်ကုန်မှာနေပါတယ်။ ရန်ကုန်သားတော့မဟုတ်ဘူးခင်ဗျ။ ချင်းပြည်နယ်၊ ပလက်ဝမြို့မှာမွေးပါတယ်။ အဲဒီမှာပဲကျောင်းတက်ပြီးရန်ကုန်ကိုအထက်တန်းမှရောက်တာပေါ့။ အင်းစိန် အထက (၁) ထွက်ပါ။ ဒဂုံ တက္ကသိုလ်မှာ ဥပဒေမေဂျာနဲ့အဝေးသင်တက်ပါတယ်။ ပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာ ဆက်ဆံရေး၊ အသုံးချစိတ်ပညာ၊ မြန်မာသမိုင်းနှင့်ရှေးဟောင်းယဉ်ကျေးမှု၊ စာပေဖန်တီးရေးသားတည်း ဖြတ်မှုအတတ်ပညာ၊ မျက်မှောက်ခေတ်မြန်မာ့ရေးရာ စတဲ့ ဒီပလိုမာတွေရပါ တယ်။
အလုပ်လား။ သတင်းထောက်၊ အကြီးတန်းသတင်းထောက်၊ သတင်းအယ်ဒီတာ၊ Content Writer, Content Lead, Commercial Content Manager, Communication Manager စသည်ဖြင့် လုပ်ငန်းခွင်လောကတွေကိုဖြတ်သန်းပါတယ်။
၀ါသနာကတော့ စာရေးတာပေါ့ခင်ဗျာ။ ၂၀၁၄ မှာ လွန် လေပြီးသောချစ်သူ ဆိုတဲ့ လုံးချင်းဝတ္ထုစထွက်ပါတယ်။ အဲဒီမတိုင်ခင်မှာ မဂ္ဂဇင်းမှာ ဝတ္ထုတိုတွေ တော် တော်များများရေးပြီးပါပြီ။ စုစုပေါင်း (၁၅) ပုဒ်ပေါ့။ ထွက်ရှိပြီးတဲ့လုံးချင်းတွေလား။
(၁) လွန်လေပြီးသောချစ်သူ
(၂) ရင်နှင့်အမျှ
(၃) မုန်တိုင်းခြွေသော လက်တစ်စုံ
(၄) ချစ်သူပြောတဲ့ ကြယ်ကြွေပုံပြင်
(၅) မြစိမ်းရောင်လွင်ပြင်
(၆) မပြိုဘဲနဲ့ ညို
(၇) လှိုင်းနှစ်စင်း ကောက်ကြောင်း တို့ဖြစ်ပါတယ်။
တိမ်တိုက်ထွန်း (ကစ္ဆပနဒီ) ဆိုတဲ့ကလောင်နဲ့ စာတွေရေးပါတယ်။ အခုတော့ ထင်ဒိုင်းအောင် ဆိုတဲ့ကလောင်နာမည်အသစ်နဲ့ စာလေးတွေထပ်ရေး နေပါတယ်။ ကလောင်နှစ်ခုပေါ့။ အော်…ကျွန် တော်က 90 kids ဗျ။ ဆိုတော့ ချာတိတ်တော့မဟုတ်တော့ပါဘူး။
စာရေးတဲ့အလုပ်ကိုတစ်သက်လုံးလုပ်သွားမှာဖြစ်ပါတယ်။ စာမရေးရရင်မနေနိုင်လို့ပါ။ ထင်ဒိုင်းအောင်၊ တိမ်တိုက်ထွန်း ဆိုတဲ့ကလောင်တွေနဲ့ရေးမှာပါ။ ပြီးတော့ ခရီးသွားအကြောင်း၊ ဟိုအကြောင်းဒီအ ကြောင်းတွေကိုလည်းစိတ်ကူးပေါက်ရင်ပေါက်သလိုရေးတယ်ခင်ဗျ။ ဖေ့စ်ဘုတ်မှာ တိမ်တိုက်ထွန်းရေးတဲ့စာ၊ ထင်ဒိုင်းအောင် ဆိုတဲ့ Page တွေရှာနိုင်ပြီး အီးမေးလ်ကတော့ [email protected], [email protected] ဖြစ်ပါတယ်။