ရှင်းလင်းသပ်ရပ်သော CV ဖောင်ရေးသားနည်း

ကျွန်ပျုတာဆိုင်မှာ အရံသင့် CV ဖောင်ဝယ်ပြီး ဖြည့်စွက်အလုပ်လျှောက်တဲ့ခေတ်ကျော်သွားပါပြီ။ ကိုယ် လစာဘယ်လောက်များများရနိုင်သလဲ၊ အရည်အချင်းကိုလုပ်ငန်းရှင်သိအောင်ဘယ်လိုလုပ်မလဲ၊ ကိုယ်နဲ့အလုပ်ရှင်မတွေ့ခင်မှာ ကိုယ့်ကိုအလုပ်ခန့်ချင်လာအောင်ဘယ်လိုဆွဲဆောင်မလဲဆိုတာတွေက  CV ဖောင် သေသပ်လှပမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒီအချက်လေးတွေက သင်အလုပ်လျှောက် ရာမှာ အကောင်းဆုံးအကူအညီပေးပါလိမ့်မယ်။ Continue reading “ရှင်းလင်းသပ်ရပ်သော CV ဖောင်ရေးသားနည်း”

Content ရေးတဲ့အခါ မမှားသင့်ဆုံးသော အမှားများ

မြန်မာစာရေးတတ်တယ်၊ အတွေ့အကြုံလည်း နှစ်နှစ်သုံးနှစ်ရှိတယ်၊ Brand တွေလည်းတော်တော်များ များကိုင်ဖူးတယ် ဆိုရုံနဲ့ Content ရေးတတ်ပြီလို့ ကျွန်တော်ကတော့ မသတ်မှတ်ပါဘူး။ အခု အမှား တွေက နာမည်ကြီး Page တော်တော်များများမှာတောင် တစ်ခါတစ်လေတွေ့ရတတ်တဲ့ မမှားသင့် တဲ့အမှားတွေဖြစ်ပါတယ်။ Continue reading “Content ရေးတဲ့အခါ မမှားသင့်ဆုံးသော အမှားများ”

မြို့ပြ RS

“ချစ်ခဲ့တဲ့ နှစ်နှစ်ကျော်ကိုသေချာပြန်စဉ်းစား၊ သုံးသပ်လိုက်လေနော့၊ အဆင်မပြေရင်လည်းအဆုံး သတ်ကြ တာပေါ့”

ချစ်သူရည်းစား ရန်ဖြစ်စကားများတိုင်းထိုစကားလုံးများအတိုင်းမဟုတ်သည့်တိုင် လမ်းခွဲခြင်းဆီကိုဦးတည်သည့် အဓိပ္ပါယ်မျိုးကို ကျွန်တော်တို့ ချစ်သူနှစ်ဦးပြောကြမြဲ။ ကျွန်တော်ကပိုပြီးပြောမြဲပင်။ သူက တော့ ဆယ်ခါတစ်ခါ လောက်မှပြောတတ်ပါသည်။ သူထိုသို့ပြောလာသည့်အခါ အင်မတန်ခံစားရပါသည်။ Continue reading “မြို့ပြ RS”

အမှတ် ၆၁ ဘတ်စ်ကား

“ဖုန်းနှိုက်သွားပြီ”

ကျွန်တော့်နောက်မှ အမျိုးသမီးငယ်၏ အာမေဋိတ်ကြောင့် ဘတ်စ်ကားတစ်စီးလုံး၏ အာရုံကသူ့ထံကို ရောက်သွား ခဲ့လေသည်။ အသက် ၂၀ စွန်းစွန်းသာရှိမည့်မိန်းကလေး။ အလုပ်သွားသည့်ပုံစံပေါက်သည်။ ကျောပိုးအိတ်ကို ဘေးတစ်ဖက်ချပြီးလွယ်ကာ ထမင်းဘူးကိုလက်တစ်ဖက်မှ ကိုင်ထားသည်။ ဆံပင်ကိုသေသေသပ်သပ် ဖြီးလာပုံရသော်လည်း ကားပေါ်မှာလူကြပ်သည်ကြောင့် နားသပ်စများဖွာလန်ကြဲထွက်နေကာ တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များကျလျှက်ရှိနေသည်။ သူတင် ပဲလားဆိုတော့မဟုတ်ပါ။ တစ်ကားလုံး ရေနွေးငွေ့ပေါင်းခံစက် ထဲကိုရောက်နေသကဲ့သို့အပူရှိန်အဟုန် က ဟုန်းခနဲ ဟုန်းခနဲ။ Continue reading “အမှတ် ၆၁ ဘတ်စ်ကား”

အလုပ်သစ်ကိုမပြောင်းခင် စဉ်းစားသင့်သည့် အချက် (၃) ချက်

(၁) ဘာလို့ပြောင်းချင်တာလဲ

ပထမဆုံးစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ဒီမေးခွန်းလေးတွေကိုဖြေကြည့်ပါ။ ကိုယ့်အထက်လူကြီးနဲ့ အဆင်မ ပြေလို့လား၊ အလုပ်တွေမတရားပိနေလို့လား၊ လုပ်ငန်းခွင်မှာဆက်ဆံရတဲ့သူတွေနဲ့အဆင်မပြေလို့လား၊ အလုပ်ကို ငြီးငွေ့နေတာလား၊ ကြိုးစားနေပေမယ့် လစာတိုးဖို့အခွင့်အရေးမရှိလို့လား စတဲ့ အချက်တွေကို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ အနည်းဆုံးနှစ်ချက်နဲ့ငြိနေပြီဆိုရင်တော့ ဆုံးဖြတ်ချက်မှန်ကန်နေပါပြီ။ Continue reading “အလုပ်သစ်ကိုမပြောင်းခင် စဉ်းစားသင့်သည့် အချက် (၃) ချက်”